Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းပဋိပက္ခက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်ကြောင်း ရုရှားသမ္မတဟောင်း ပြော

Pika (NSS) - သြဂုတ် ၂၁

ရုရှား နှင့် ယူကရိန်းကြား ပဋိပက္ခများသည် နှစ်ပေါင်းများစွာ (သို့မဟုတ်) ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်ဖွယ်ရှိနေကြောင်း ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ထုတ်ဖော်ပြောခဲ့သည်။

ထို့အပြင် ယူကရိန်းပဋိပက္ခသည် ရုရှားတည်ရှိမှုအတွက် အရေးကြီးသော တိုက်ပွဲတစ်ခုဖြစ်ကြောင်း ဒီမစ်ထရီမက်ဗီဒက် က ပြောခဲ့သည်။ ရုရှားသည် ယူကရိန်းနိုင်ငံကို အပြီးသတ်ချေမှုန်းပစ်မည်ဖြစ်ပြီး ယခုကဲ့သို့ ပဋိပက္ခများ နောက်တစ်ကြိမ်ထပ်မဖြစ်စေရန်အတွက် သေချာအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ 


၎င်း က "ဒီပဋိပက္ခဟာ နှစ်များစွာ ဒါမှမဟုတ် ဆယ်စုနှစ်များစွာ  ကြာမြင့်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကို အပြီးသတ်ချေမှုန်းတာမျိုး မလုပ်ဆောင် နိုင်ခဲ့ရင် အနောက်အုပ်စုနိုင်ငံတွေဟာ  ရုရှားကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဘယ်သူကမှ ဖျက်ဆီးခံရတာကို မလိုချင်ကြပါဘူး" ဟု ပြောခဲ့သည်။

ထို့အပြင် ယူကရိန်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများသည်  ရေရှည်တွင် ယူကရိန်းကို ဆက်လက် ထောက်ခံပေးတော့မည်မဟုတ်ကြောင်း ဒီမစ်ထရီမက်ဗီဒက်က ပြောဆိုခဲ့သည်။ ယူကရိန်းပဋိပက္ခကို ဝင်ရောက် စွက်ဖက်နေသည့် အနောက်အုပ်စုနိုင်ငံများသည် ရှုံးနိမ့်ခြင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုခဲ့သည်၊၊ 

ပဋိပက္ခစတင်သည့်အချိန်မှစတင်ပြီး အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ စစ်ရေးနှင့် စီးပွားရေးအကူ အညီများစွာ ကူညီထောက်ပံ့ပေးခဲ့ပြီး အနောက်အုပ်စုနိုင်ငံများ၏ ထိပ်တန်းအရာရှိအများအပြားသည် စစ်မြေပြင် တွင် ရုရှားရှုံးနိမ့်သည်ကို မြင်လိုကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ကြသည်။ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် အနောက်အုပ်စုနိုင်ငံများကို ရုရှားဖက်ကတိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာအောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး သွေးထွက်သံယိုမှုများကိုသာပိုမိုဖြစ်ပွားလာစေမည်ဖြစ်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်အမေရိကလိဂ်ဖလားကိုယူပြီး သမိုင်းတလျှောက် ဆုဖလားအောင်မြင်မှုအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ မက်ဆီ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved