သထုံမြို့၌ ကားတိုက်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး
စော (NSS) - သြဂုတ် ၂ဝ
မွန်ပြည်နယ်၊ သထုံမြို့၊ ဒုံးဝန်းကျေးရွာအုပ်စု၊ ဇရပ်ကျွန်းကျေးရွာတွင် ကားတိုက်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၉ရက်)၊ ည(၈)နာရီ ၃ဝ မိနစ် ဝန်းကျင်အချိန်တွင် ဇရပ်ကျွန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးကောင်းကယ်ဆယ်ရေး နှင့် နာရေးကူညီမှုအသင်းထံမှ သိရသည်။
"အဲဒီနေရာက လူပြတ်တယ်နောက်ပြီး အိမ်တွေလည်းမရှိဘူး။ ဘာကားတိုက်သွားတာလည်း မသိဘူး။ မိသားစုနဲ့ တော့ အဆက်အသွယ်ရပြီကြားတယ်" ဟု မိုးကောင်းကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၃ဝ)နှစ် ဝန်းကျင်ရှိပြီး ဦးခေါင်းနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
၎င်း၏ ရုပ်အလောင်းအား သိမ်ဆပ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံသားထက်ဝက်ခန့်က AI နည်းပညာကြောင့် အလုပ်လက်မဲ့ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း