နိုင်ငံခြားငွေလဲလှယ်နှုန်းအား Social Media များ၌ ဈေးနှုန်းများမြင့်တက်ရန် ရေးသားမှုများနှင့် တရားမဝင်ဟွန်ဒီဆောင်ရွက်မှုများကို အရေးယူရန်ရှိ
NSS - သြဂုတ် ၂ဝ
နိုင်ငံခြားငွေလဲလှယ်နှုန်းအား အွန်းလိုင်း၊ Social Media များ၌ ဈေးနှုန်းများမြင့်တက်ရန် ရေးသားမှုများနှင့် တရားမဝင်ဟွန်ဒီဆောင်ရွက်မှုများကို အရေးယူရန်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ယမန်နေ့(သြဂုတ် ၁၉ ရက်) တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းအစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နှင့် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့်ပတ်သက်၍ ဈေးကွက်လိုအပ်မှုနှင့် Data အချက်အလက်များပေါ် အခြေမခံဘဲ Online နှင့် Social Media များပေါ်၌ ဈေးနှုန်းများတက်ရန် ရေးသားပြောဆိုမှုများနှင့် တရားမဝင်ဟွန်ဒီဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရန်ရှိကြောင်း ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ထည့်သွင်းသတိပေးခဲ့သည်။
“ပြင်ပ Informal Market မှာ လုံးဝအရောင်းအဝယ်မလုပ်ဖို့ ပြောနေတာရှိတယ်။ ကုန်ဈေးနှုန်း၊ ငွေဈေးနှုန်းတက်အောင် လှုံဆော်ရောင်းဝယ်သူတွေ၊ Social Media မှာ လှုံဆော်သူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ကြားနေရတယ်။ နောက် Informal ဟွန်ဒီလုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်ပြီး ထိထိရောက်ရောက်အရေးယူမယ်လို့ ကြားသိရတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ငွေကျပ် ၃၉ဝဝ ဝန်းကျင်ဖြင့် တွက်ချက်ကာ ကုန်ဈေးနှုန်းမြင့်တက်ရန် လုပ်ဆောင်နေသူများကိုလည်း ထိထိရောက်ရောက်အရေးယူသွားရန်ရှိကြောင်း သိရှိရသည်။
ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမဟုတ်ဘဲ ငွေလဲလှယ်နှုန်းမြင့်တက်စေရန် ရည်ရွယ်ကာ ဈေးကစားမှုများကိုလည်း ဖော်ထုတ်အရေးယူသွားရန်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရဟန်းသံဃာနှင့် ကျောင်းသား/သူများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား အခမဲ့ဖူးမြော်ခွင့်ပေးမည်ဟု နစက ဥက္ကဋ္ဌဆို
RELATED POSTS
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း