Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရဟန်းသံဃာနှင့် ကျောင်းသား/သူများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား အခမဲ့ဖူးမြော်ခွင့်ပေးမည်ဟု နစက ဥက္ကဋ္ဌဆို

ယွန်း (NSS) - သြဂုတ် ၂၀

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား ရဟန်းသံဃာနှင့် သီလရှင်များ အပါအဝင် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ(၁၉)ရက်တွင် မာရဝိဇယဗုဒ္ဓဥယျာဥ်တော်အတွင်းရှိ မာရဝိဇယဂေါပကရုံးအဖွဲ့၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။


မာရဝိဇယရုပ်ပွားတော်ကြီးအား သြဂုတ်လ(၈)ရက်မှစ၍ လာမည့် စက်တင်ဘာ(၃)ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြု ကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

သို့သော် ဘုရားကြီးတည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့် လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့် ငွေကြေးများရရှိရေးအတွက် စက်တင်ဘာ(၃)ရက် နောက်ပိုင်းတွင် ဝင်ကြေးငွေကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ငွေကြေနှုန်းထားများ ကောက်ခံရာ၌ ရဟန်းသံဃာများ၊ သီလရှင်များ နှင့် ‌ကျောင်းသား၊ ကျောင်းသူ များကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း (၅ဝ)ရာခိုင်နှုန်း လျှော့ချကောက်ခံပေးသွားမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုမျိုးမရှိစေရေး နှင့် လျှပ်စစ်မီးသုံးစွဲမှု သက်သာစေရေးကိုလည်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

အလားတူ E-Ticket ဝင်ခွင့်လက်မှတ်ဖြင့် ဆောင်ရွက်နိုင်ရေးကိုလည်း စီစဥ်ဆောင်ရွက်လျှက်ရှိကြောင်း အစည်း အဝေးမှ သိရသည်။

မာရဝိဇယရုပ်ပွားတော်ကြီးအား ယခင်က သြဂုတ်လ(၈)ရက် မှ (၁၆)ရက်အထိသာ အခမဲ့ဖူးမြော်ခွင့်ပေးခဲ့သော် လည်း ဒုတိယအကြိမ် ထပ်မံရက်တိုးမြှင့်၍ စက်တင်ဘာ(၃)ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။


နစကအနေဖြင့် ကလေး/လူကြီးတစ်ဦးလျှင် ဝင်ကြေးနှုန်းထား (၁ဝဝဝ)ကျပ် သတ်မှတ်ထားကာ ဖုန်းသယ်ဆောင် ခွင့် ပါရရှိမည်ဖြစ်ပြီး၊ အပျော်ရိုက်ကင်မရာအတွက် (၅ဝဝဝ)ကျပ်နှုန်းသတ်မှတ်ထား၍ အလှဓါတ်ပုံရိုက်/Video များ အတွက် (၅ဝဝဝဝ) ကျပ်နှုန်း သတ်မှတ်ထားသည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ခွင့်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁ဝ)ဒေါ်လာအဖြစ် နစကမှသတ်မှတ်ထား ပြီး လူ(၄)ယောက်စီး Buggy တစ်စီးအတွက် (၁)နာရီလျှင် (၁ဝဝဝဝ) ကျပ်နှုန်း သတ်မှတ်ထားသည်။

လက်ရှိတွင် ဘုရားကြီးအား ပြည်တွင်းဘုရားဖူးများသာမက ပြည်ပမှ ခရီးသွားဧည့်သည်များပါ လာရောက်ဖူးမြော်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီများအား ထီးတော်တင်လှူခြင်း အခမ်းအနားများကို ပြီးခဲ့သော သြဂုတ်လ ၁ ရက်တွင် ကျင်းပခဲ့ပြီးနောက် သြဂုတ်လ (၈) ရက်တွင် ပြည်သူများအား စတင်ဖူးမြော်ခွင့်ပြုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိတ်စ်ပို့ကြက်သွန်နီအပေါ် အခွန် ၄ဝ ရာခိုင်နှုန်း စည်းကြပ်မှု ချက်ချင်းအကျိုးသက်ရောက်စေမည်ဟု နယူးဒေလီ ပြဌာန်း

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved