အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန်ယူနည်းပြပြော
Pika (NSS) - ဩဂုတ် ၁၉
မန်ယူအသင်းသည် အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်အချိန်အတွင်း နောက်ထပ်ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းနေကြောင်း မန်ယူနည်းပြတန်ဟက်က ပြောကြားခဲ့သည်။
နည်းပြတန်ဟက်က လက်ရှိအသင်းပုံစံနှင့်ပတ်သက်ပြီး ကျေနပ်မိကြောင်း ပြောကြားခဲ့သော်လည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်ကာလအတွင်း နောက်ထပ်ကစားသမားသစ်များခေါ်ယူရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။ မန်ယူအသင်းသည် မေဆွန်မောင့်၊ အန်ဒရေအိုနာနာနှင့် Rasmus Hojlund တို့ကို ခေါ်ယူရန်အတွက် ပေါင်(၁၆၅)သန်းသုံးစွဲထားပြီး နောက်ထပ်ကွင်းလယ်အဖြတ်ကစားသမား ထပ်မံရောက်ရှိလာနိုင်သေးကြောင်းသိရသည်။
နည်းပြတန်ဟက်က "လိုအပ်တဲ့နေရာတွေအားလုံးကို ကျွန်တော်တို့ဖြည့်ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ နောက်ထပ်တိုးတက်မှုတွေကို အမြဲရှာဖွေနေတဲ့ မန်ယူအသင်းပါပဲ။ တိုးတက်ဖို့အခွင့်အရေးတွေကို ဆက်ရှာနေဆဲဖြစ်ပေမယ့် ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိတယ်လို့ထင်ပါတယ်။ ကျွန် တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အကောင်းဆုံး အကောင်အထည်ဖော်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် ဩဂုတ်လ(၁၉)ရက်တွင် စပါးအသင်းနှင့်ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒလမြို့နယ်၌ ဘတ္ထရီစက်ဘီးအပါအဝင် EV လျှပ်စစ် နှစ်ဘီး၊ သုံးဘီးယာဉ်များကို ဖမ်းဆီးမည်ဟုကြေညာမှုများရှိနေ