လားရှိုးမြို့ရှိ တိမ်ဖြူဆီဆိုင်အနီးတွင် တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဩဂုတ် ၁၉
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ တိမ်ဖြူဆီဆိုင်အနီးတွင် တွဲကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုး သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဩဂုတ်လ ၁၉ ရက်)၊ နံနက် ၁၀နာရီခွဲဝန်းကျင်အချိန်တွင် လားရှိုးမြို၊ လားရှိုး- သိန္ဒီပြည်ထောင်စုလမ်းမကြီး၊ (၁၀)မိုင်၊ တိမ်ဖြူဆီဆိုင်အပေါ် အန္တရာယ်ကုန်းဆင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မှောက်တဲ့ကားက တွဲကားပါဗျ။ ဘယ်လိုဖြစ်ပြီးမှောက်တာလဲတော့မသိဘူးဗျ။ လမ်းချော်ပြီးမှောက်ရအောင်လဲ အဲဒီအချိန်မိုးကမရွာဘူးဗျ”ဟု လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှာတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် တွဲကားပေါ်ရှိ အသက်(၃၀)နှစ် နှင့် (၄၀)နှစ်ဝန်းကျင် အမျိုးသား (၂)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်ကလည်း လားရှိုးမြို့၌ ယာဉ်တိုက်မှု (၂)ကြိမ်နှင့် ယာဉ်တိမ်းမှောက်မှု (၁)ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လားရှိုးမြို့တွင် (၂)ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း (၄)ကြိမ်ထိဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုရားကျောင်းတွင် ဆုတောင်းပွဲပြုလုပ်ပြီးနောက် ထိုင်းထီ ပထမဆုဘတ်(၆)သန်းကို ပေါက်ခဲ့သည့် ထိုင်းအမျိုးသမီး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း