နိုင်ဂျာကို ကူညီထောက်ပံ့ပေးရန်အတွက် စစ်လေယာဉ်များပေးပို့ခဲ့ဟု မာလီနှင့်ဘာကီနာဖာဆိုအစိုးရပြော
Pika (NSS) - ဩဂုတ် ၁၉
နိုင်ဂျာနိုင်ငံကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်မည့် အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အဝန်း (ECOWAS) ၏ လုပ်ရပ်များကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်မှုများကို ပြသနိုင်ရန်အတွက် မာလီနှင့်ဘာကီနာဖာဆိုနိုင်ငံတို့သည် နိုင်ဂျာနိုင်ငံသို့ စစ်လေယာဉ်များ စေလွှတ်ခဲ့ကြောင်းသိရသည်။
နိုင်ဂျာနိုင်ငံကို ထောက်ပံ့ပေးမှုများလုပ်ဆောင်ရန် နှင့် နိုင်ဂျာနယ်စပ်တွင် စစ်လေယာဉ်များဖြန့်ကျက်ချထားရန်အတွက် မာလီနှင့်ဘာကီနာဖာဆိုတို့၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ဂျာနိုင်ငံပိုင်ရုပ်မြင်သံကြားမှထုတ်လွှင့်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။
အစီရင်ခံစာတွင် "မာလီနဲ့ဘာကီနာဖာဆိုနိုင်ငံတို့ဟာ နိုင်ဂျာကို တိုက်ခိုက်မယ့် မည်သည့်တိုက်ခိုက်မှုကိုမဆို လက်တုံ့ပြန်ဖို့အတွက် စစ်လေယာဉ်များကို ဖြန့်ကျက်ချထားပေးပြီး သူတို့ရဲ့ ကတိဝတ်တွေကို ပြသခဲ့ပါတယ်။ လေယာဉ်တွေဟာ Super Tucano အမျိုးအစား တိုက်လေယာဉ်တွေဖြစ်ပါတယ်"ဟု ဖော်ပြထားသည်။
ဂါနာရှိ ECOWAS အကြီးအကဲသည် နိုင်ဂျာကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည့် ရက်ကိုထုတ်ဖော်ပြောကြားခြင်းမျိုးမရှိခဲ့သော်လည်း အမိန့်ပေးသည့်တစ်ပြိုင်နက် တပ်ဖွဲ့ဝင်များသည် စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ရန် အဆင်သင့်ရှိနေကြောင်း ECOWAS က ထုတ်ပြန်ကြေညာထားသည်။
မာလီနှင့်ဘာကီနာဖာဆိုနိုင်ငံတို့သည် နိုင်ဂျာ၏စစ်အာဏာသိမ်းမှုလမ်းကြောင်းကို ပြောင်းလဲရန်စီစဉ်နေသော ECOWAS ၏ စစ်ဆင်ရေးများကို ဆန့်ကျင်ကာ နိုင်ဂျာနိုင်ငံကို ထောက်ခံသည့် ကြေညာချက်များကို ယခင်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ထို့ပြင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများအားလုံးကို စစ်ကြေညာမှုအဖြစ် သတ်မှတ်ထားကြောင်း မာလီနှင့်ဘာကီနာဖာဆိုတို့က သတိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့ရှိ တိမ်ဖြူဆီဆိုင်အနီးတွင် တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ