Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်သူနာပြုအမျိုးသမီးက မွေးကင်းစကလေးငယ်(၇)ဦးကို သတ်ဖြတ်သည့်အပြင် အခြားကလေးငယ်(၆)ဦးကို ထပ်မံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့

Pika (NSS) - ဩဂုတ် ၁၉

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့အနီးရှိ မွေးကင်းစကလေးငယ်များထားသော ဆေးရုံတွင် တာဝန်ထမ်းဆောင်သော Lucy Letby အမည်ရှိ သူနာပြုတစ်ဦးသည် မွေးကင်းစကလေးငယ်(၇)ဦးကို သတ်ဖြတ်မှုနှင့် အခြားကလေးငယ်(၆)ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း တရားသူကြီးများက ပြောကြားခဲ့သည်။


ထို့ပြင် Lucy Letby သည် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်း အခြားမွေးကင်းစကလေးငယ်များကို ထိခိုက်အောင် လုပ်ဆောင်ခဲ့ခြင်းရှိ/မရှိဆိုသည့်အချက်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ် ဆေးနေကြောင်းသိရသည်။ ဆယ်လကြာရုံးတင်စစ်ဆေးပြီးနောက် ဩဂုတ်လ(၁၈)ရက်တွင် ထွက်ပေါ် လာသော အစီရင်ခံစာအရ Lucy Letby သည် ဗြိတိန်ခေတ်သစ်သမိုင်းတွင် ကလေးသတ်သမားတစ်ဦးဖြစ်လာခဲ့ကြောင်း  ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

သူမသည် မွေးကင်းစကလေးငယ်(၇)ဦးကို သတ်မှုဖြင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် ကျခံရနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။ အသက်(၃၃)နှစ်အရွယ် Lucy Letby သည် ၂၀၁၅ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း Countess of Chester Hospital တွင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။အဆိုပါကာလအတွင်း မွေးကင်းစကလေးငယ်များ သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရခဲ့ခြင်းများကို ဆရာဝန်များက အစီရင်ခံစာတင်ခဲ့သော်လည်း ဆေးရုံစီမံခန့်ခွဲသူများက အဆိုပါအစီရင်ခံစာများကို ပယ်ချခဲ့ကြောင်းသိရသည်။

သို့သော်လည်း ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Lucy Letby ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ရဲတပ်ဖွဲ့များက ၎င်း၏နေအိမ်ကို ရှာဖွေခဲ့ရာ ကလေးငယ်များကို သတ်ကြောင်းဝန်ခံခဲ့သော စာများကိုတွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါစာထဲတွင် "ကျွန်မက ဆိုးရွားတဲ့လူတစ်ယောက်ပါ။ ကျွန်မက ဒီလိုဆိုးယုတ်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့မိပါတယ်"ဟု ရေးသားထားသည်။

အစိုးရရှေ့နေ Pascale Jones က "သူမဟာ စိတ်ရှည်စွာလုပ်တဲ့ သွေးအေးလူသတ်သမားတစ်ဦးပါ။ သူမရဲ့စောင့်ရှောက်မှုအောက်မှာရှိတဲ့ ကလေးငယ်တွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့သတ်ခဲ့ပြီး ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ပြီးတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လှည့်ဖြားဖို့ကြိုးစားခဲ့ပါတယ်"ဟု တရားရုံးတွင်ပြောဆိုခဲ့သည်။ 

Lucy Letby သည် အခြားကလေးငယ်(၆)ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့်လည်း တရားစွဲဆိုခံထားရကြောင်းသိရသည်။ ထို့ပြင် Lucy Letby သည် ဩဂုတ်လ(၂၁)ရက်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရနိုင်ဖွယ်ရှိနေသည့် တရားရုံးချိန်းသို့တက်ရောက်ရန် ငြင်းဆိုထားကြောင်းလည်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ ပေါင်းစပ်တုံ့ပြန်မှု(fusion reaction)မှ ဒုတိယအကြိမ် စွမ်းအင်ထုတ်လုပ်နိုင်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved