အမေရိကန် သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ ပေါင်းစပ်တုံ့ပြန်မှု(fusion reaction)မှ ဒုတိယအကြိမ် စွမ်းအင်ထုတ်လုပ်နိုင်
ရောင်နီ (NSS) - ဩဂုတ် ၁၉
Lawrence Livermore National Laboratory ရဲ့အဆိုအရ အမေရိကန်နိုင်ငံရှိ သိပ္ပံပညာရှင်တွေ ဒီဇင် ဘာလကစတင်ခဲ့တဲ့ သန့်ရှင်းတဲ့စွမ်းအင်အရင်းအမြစ်ရှာဖွေဖို့ ကြိုးပမ်းမှုမှာ ပေါင်းစပ်တုံ့ပြန်မှု ( fusion reaction)မှ ဒုတိယအကြိမ်မြောက် စွမ်းအင်ထုတ်နိုင်ခဲ့ကြောင်း စနေနေ့ (သြဂုတ်လ ၁၉ ရက်) မှာ သိရပါတယ်။
ကယ်လီဖိုးနီးယား အခြေစိုက် ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်တွေဟာ ဒီဇင်ဘာလ(၃၀)ရက်က စတင်ခဲ့တဲ့ National Ignition Facility (NIF) မှ စမ်းသပ်မှုတစ်ခုမှာ fusion reaction ကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးမှစွမ်းအင်ထုတ်လုပ်နိုင်ခဲ့ကြောင်း Lawrence Livermore မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
နောက်ဆုံးရလဒ်တွေကိုတော့ ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ Nuclear fusion reaction မှာ atomic nuclei နှစ်ခုကိုပေါင်းစပ်ပြီး စွမ်းအင်ကို ထုတ်လွှတ်ခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ရာသီဥတုပြောင်းလဲမှုကို တားဆီးဖို့ အကန့်အသတ်မရှိ သန့်ရှင်းပြီး ဘေးကင်းတဲ့ စွမ်းအားအရင်းအမြစ်ကို ရှာဖွေနေကြပြီး ဒီ fusion ဟာ ကမ္ဘာမြေကို စွမ်းအားပေးတဲ့ နေရဲ့ အရင်းအမြစ်ကိုယူကာ ဖန်တီးခြင်းဖြစ်ပါတယ်။ ပေါင်းစပ်တုံ့ပြန်မှုဆိုင်ရာ နည်းပညာဟာ ပိုမိုအဆင့်မြင့်လာရင် စက်မှုလုပ်ငန်းစကေးနဲ့ စွမ်းအင်ထုတ်လုပ်ဖို့ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန် စွမ်းအင်ဌာနက ၎င်းကို “နိုင်ငံတော် ကာကွယ်ရေးမှာ တိုးတက်မှုနဲ့ သန့်ရှင်းတဲ့ စွမ်းအင် အနာဂတ်အတွက် လမ်းခင်းပေးမယ့်၊ ဆယ်စုနှစ်များအတွင်း သိပ္ပံနည်းကျ အောင်မြင်မှုများစွာ ရရှိစေမယ့် တီထွင်မှုတစ်ခု”လို့ ပြောကြားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အလင်းအက်တမ်နှစ်ခုကို ပိုမိုသိပ်သည်းစွာ ပေါင်းစပ်ကာ စွမ်းအင်ထုတ်လွှတ်ဖို့ လောင်စာဆီပစ်မှတ်ကို လေဆာရောင်ခြည်နဲ့ထိတွေ့ပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ လေဆာရောင်ခြည်ဟာ ပစ်မှတ်ကို 2.05 megajoules ပေးပို့ပြီးနောက် စွမ်းအင်ထုတ်လွှတ်မှု 3.15 megajoles ထုတ်ပေးနိုင်ခဲ့ပြီး စွမ်းအင်ထုတ်လွှတ်မှု အောင်မြင်ခဲ့တယ်လို့ စွမ်းအင်ဌာနက ပြောကြားပါတယ်။
ဓာတ်ခွဲခန်းအပြင်ဘက်ရှိ နျူကလီးယားသိပ္ပံပညာရှင်များက အဆိုပါ အောင်မြင်မှုဟာ အနာဂတ်စွမ်းအင်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါင်းစပ်စွမ်းအင်ကို စီးပွားဖြစ်အသုံးပြုနိုင်ဖို့ လုပ်ဆောင်ရမယ့် သိပ္ပံနည်းပညာအဆင့်တွေ များစွာ ရှိသေးတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီလမ်းပိုင်းပြင်ဆင်နေဆဲကာလအတွင်း သွင်းကုန်လိုင်စင်ကြေး အပါအဝင် အခကြေးငွေအချို့ကို ကင်းလွတ်ခွင့်ပြုမည်ဟု အသိပေး
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ