Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံကို ဆန့်ကျင်ဖို့ အာရှပစိဖိတ်ဒေသမှာ နေတိုးအဖွဲ့ပုံစံတူ ဖွဲ့စည်းဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေကို အမေရိကန်အစိုးရ ငြင်းဆန်

ဂျန်ဇက် (NSS) - ဩဂုတ် ၁၉

အမေရိကန်အစိုးရဟာ အာရှပစိဖိတ်ဒေသမှာ နေတိုးအဖွဲ့ပုံစံတူ ဖွဲ့စည်းလုပ်ဆောင်မှာမဟုတ်ကြောင်း အမေရိကန်အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုခေတ်သစ်ကိုတည်ထောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မကြာမီ အမေရိကန်အစိုးရက အခုလိုမျိုး သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေကို အဆင့်မြင့်တင်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အမေရိကန်သမ္မတက အင်ဒို- ပစိဖိတ်ဒေသမှာ သုံးနိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာဖြစ်ရာ ဘက်စုံစစ်ရေးလေ့ကျင့်ခန်းတွေကိုလည်း နှစ်စဉ်ပြုလုပ်သွားမှာဖြစ်ကြောင်းပြောပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွေအပေါ် တရုတ်နိုင်ငံ နဲ့ မြောက်ကိုရီးယားနိုင်ငံတို့က စိတ်ဆိုးဒေါသဖြစ်ဖွယ်ရှိနေကြောင်းသိရပါတယ်။ အမေရိကန်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ နေတိုးအဖွဲ့ ပုံစံတူအဖွဲ့များ တည်ဆောက်ဖွယ်ရှိနေတယ်လို့ သတင်းများလည်းထွက်ပေါ်နေခဲ့ကြောင်းသိရပါတယ်။ 

ဒါပေမယ့် အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က "ပစိဖိတ်ဒေသမှာ နေတိုးအဖွဲ့လိုမျိုး အဖွဲ့တည်ထောင်ဖွဲစည်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဂျပန်၊တောင်ကိုရီးယားနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ဂျပန်၊ တောင်ကိုရီးယားနဲ့အမေရိကန်ကြားပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးက အခြားတစ်နိုင်ငံကို ဆန့်ကျင့်ဖို့ ရည်ရွယ်လုပ်ဆောင်တာမျိုးမဟုတ်ပါဘူး"လို့ပြောပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်တွေဟာ တစ်ဦးချင်းစီ သီးသန့်တွေ့ဆုံခဲ့ကြောင်း၊ တောင်ကိုရီးယား နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ဟာ တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို တိုက်ဖျက်နိုင်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတကပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငါးမျှားနေစဉ်ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved