လားရှိုးမြို့၌ တစ်ရက်တည်းတွင် ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - ဩဂုတ် ၁၈
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် အိမ်စီးကားနှင့် ဟိုက်ဂျက်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၈ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်တွင် လားရှိုးမြို့၊ လားရှိုး-သိန္နီပြည်ထောင်စုလမ်းမကြီး၊ နမ့်တွန်းရွာ၊ (၁၆)မိုင်၊ Sဂွေ့အဆင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ အိမ်စီးကားသည် ကြက်ဥနှင့်အအေးများတင်ဆောင်လာသည့် hijet ယာဥ်နှင့် မျက်နှာချင်း တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲ(၂)နာရီဝန်းကျင်အချိန်တွင် လားရှိုးမြို့၊ လေယာဉ်ကွင်းလမ်း၌ ဆိုင်ကယ်နှင့်အိမ်စီးကားတို့ တိုက်မိခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ(၅)ဦးကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၁၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း