အင်းစိန်မြို့နယ် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်၌ ကျောင်းသားများအပါအဝင် (၁၆)ဦးထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဩဂုတ် ၁၇
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား(၅)ဦးအပါအဝင် (၁၆)ဦးထိ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယမန်နေ့ (ဩဂုတ်လ ၁၆ရက်)၊ ညနေ ၄နာရီ ၂၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ ရွာသစ်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"ကျောင်းကားက တညင်ကုန်းဘက်ကအဆင်း ရွာမကျောင်းလမ်းရှေ့ရောက်တော့ ကုန်တင်ကားက ဖြတ်အကွေ့ မှာ ခေါင်းချင်းဆိုင်ပြီးတိုက်မိတာပေါ့။ ပြီးတော့မှ နောက်ကနေ PAJERO ကကျောင်းကားကို ထပ်တိုက်မိတာပါ"ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် ကျောင်းကားပေါ်မှ (၁၀)နှစ်အရွယ် ကျောင်းသား(၅)ဦး၊ သင်တန်းနည်းပြ၊ ဆရာ/ဆရာမများနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် စုစုပေါင်း(၁၆)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"အကုန်လုံး ထိခိုက်ဒဏ်ရာရရှိတာက (၁၆)ယောက်ပေါ့နော်။ အခြားကားတွေမှာက ဒဏ်ရာရသူတွေတော့ မရှိပါဘူး။ အဆိုးဆုံးကတော့ ကျောင်းကားက ဒရိုင်ဘာပေါ့။ သူကကားခေါင်းခန်းထဲမှာ ညှပ်နေတာ သူ့ကိုတော့ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်"ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှောင့်နှေးလျက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လာမယ့် သြဂုတ် ၂၂ ရက်မှာ ကျင်းပသွားမယ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ