နှောင့်နှေးလျက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လာမယ့် သြဂုတ် ၂၂ ရက်မှာ ကျင်းပသွားမယ်
ဂျန်ဇက် (NSS) - သြဂုတ် ၁၇
နှောင့်နှေးလျက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လာမယ့် သြဂုတ် ၂၂ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို သြဂုတ် ၂၂ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Wan Muhamad Noor Matha
က ပြောပါတယ်။ ၎င်းက ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးကျင်းပမယ့် ရက်ကို အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ Pornpetch Wichitcholchai ကလည်း လက်ခံသဘောတူညီထားတယ်လို့ ပြောပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်ရွေးချယ်အသစ်ရွေးချယ်ပွဲမှာ အမည်စာရင်းထပ်မံတင်သွင်းခြင်းကိုလွှတ်တော်က ငြင်းဆန်ပယ်ချခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ တိုင်တန်းချက်တွေကို ပယ်ချလိုက်ပြီးနောက် အောက်လွှတ်တော်ဥက္ကဋ္ဌဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်မယ့်ရက်ကို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ ရှေ့သို့ချီပါတီဟာ ပါတီခေါင်းဆောင်ဖြစ်သူ ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ပထမအကျော့မှာ အမည်စာရင်းတင်သွင်းခဲ့ပြီး ဝန်ကြီးချုပ်ခန့်အပ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ကြောင်း၊ ဒါပေမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့မှာ ပီတလင်ဂျာရိုအမ်ရက်ကို ထပ်မံအမည်စာရင်းတင်သွင်းခြင်းများရှိခဲ့ရာ လွှတ်တော်က အမည်စာရင်း ထပ်မံတင်သွင်းခြင်းကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌက ၎င်းနဲ့ ဥပဒေရေးရာအတိုင်ပင်ခံအဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်တွေကို လေ့လာသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးရရှိထားတဲ့ ဖြူထိုင်းပါတီဟာ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်လောင်းအမည်စာရင်းကို တင်သွင်းခွင့်ရရှိထားပြီး လာမယ့်ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းကို ထောက်ခံခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို လွှတ်တော်နှစ်ရပ်ပေါင်းပြီး မဲခွဲ ဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်လ (၂၅)ရက်မှစတင်ပြီး လျှောက်ထားနိုင်ကြောင်း အသိပေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း