Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မုံရွာမြို့၌ ကိုယ်ဝန်ဆောင်သည်အမျိုးသမီး ဓါးပြတိုက်သတ်ဖြတ်ခံရပြီးနောက်ပိုင်း ဓါးပြတိုက်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေ

NSS - သြဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ဓါးပြတိုက်သတ်ဖြတ်ခံရပြီးနောက်ပိုင်းတွင် ဓါးပြတိုက်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေကြောင်း မြို့ခံများက NSS ကို ပြောသည်။


ပြီးခဲ့သော သြဂုတ်လ ၁၀ ရက်တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ လက်နက်ကိုင်လူတစ်စု၏ ဓါးပြတိုက်ခြင်းကို ခံခဲ့ရသည့်အပြင် ကလေးမွေးဖွားရန် (၃)ရက်ခန့်သာ လိုတော့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်။

ထိုသို့လက်နက်ကိုင်လူတစ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မမွေးဖွားရသေးသည့် ကလေးငယ်တို့ သေဆုံးခဲ့ရသည်။

မုံရွာမြို့တွင် အထက်ပါကဲ့သို့ ဓါးပြတိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်လည်း နောက်ထပ် ဓါးပြတိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း မုံရွာမြို့ခံများက ပြောသည်။

ယမန်နေ့(သြဂုတ်လ ၁၃ ရက်) ညနေပိုင်းတွင်လည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ လမ်းသွယ်(၁၁)ရှိ (၃)ထပ်တိုက်နေအိမ်တစ်လုံးအား အင်အား(၈)ဦးခန့်ရှိသော လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ဓါးပြတိုက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၆ နာရီလောက်မှာ ဖြစ်တာ။ နန္ဒဝန်ရပ်ကွက်၊ လမ်းသွယ်(၁၁)မှာရှိတဲ့ (၃)ထပ်တိုက်မှာ ဓါးပြတိုက်မှုဖြစ်တာ။ ဘာတွေပါသွားလဲဆိုတော့ အိမ်စီးကား သိန်းတစ်ထောင်ကျော်တန် (၂)စီးနဲ့ ငွေသားသိန်း(၃၀၀၀)ကျော် ပြီးတော့ လက်ကိုင်ဖုန်းတွေ အကုန်လုံးကိုလည်း ယူသွားတယ်လို့ သိရတယ်။ သေနတ်တွေနဲ့ ချိန်ထားတော့ လူတွေကတော့ မှောက်နေရတာပေါ့။ ပြီးတော့ သူတို့ လိုချင်တာတွေကို အကုန်ယူသွားတာပေါ့”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါဓါးပြတိုက်မှုဖြစ်စဉ် မဖြစ်ပွားခင် မိနစ်ပိုင်းအလို၌ မုံရွာမြို့ပေါ်ရှိ တိုင်းရဲရုံး၊ ရေအရင်းအမြစ်ဦးစီးဌာနရုံးတို့သည် ဒရုန်းဖြင့် ဗုံး(၃)လုံး ပစ်ချတိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ထို့ပြင် မုံရွာမြို့ပေါ်ရှိ နာမည်ကြီးသံဆိုင်တစ်ခု၏ ပိုင်ရှင်ဖြစ်သူသည်လည်း ယခုရက်ပိုင်းအတွင်း ပြန်ပေးဆွဲခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အခြားသောမုံရွာမြို့ခံတစ်ဦးက NSS ကို အသိပြောကြားထားသည်။

“ဖြစ်စဉ်တွေကတော့ မုံရွာမြို့ထဲမှာ တော်တော်လေးများတယ်။ လွန်ခဲ့တဲ့ (၇)လပိုင်းလောက်မှာလည်း ပြန်ပေးဆွဲခံရပြီးတော့ ငွေနဲ့ရွေးရတာတွေလည်း ရှိတယ်။ ပြည်တော်သာရပ်ကွက်ထဲမှာ ဖြစ်ခဲ့တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သောကာလများအတွင်းကလည်း မုံရွာမြို့ပေါ်၌ ရွှေဆိုင်၊ ဖုန်းအရောင်းအဆိုင်များတွင် ဓါးပြတိုက်လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးပြီး လက်ရှိတွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသည့်အတွက် ပြည်သူ လူထုအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအား နစကအနေဖြင့် တာဝန်ယူလုပ်ဆောင်ပေးသင့်ကြောင်း မြို့ခံအချို့က NSS ကို အသိပေးပြောကြားထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ(၆)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်၍ ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကထုတ်ပြန်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved