Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယာယီဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားများကို နိုင်ငံတွင်းသို့တရားမဝင်ခိုးသွင်းမှုဖြင့် ထိုင်းနိုင်ငံသားသုံးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

Pika (NSS) - ဩဂုတ် ၁၂

မြန်မာနိုင်ငံသားများကို ယာယီခိုလှုံရာနေရာများမှ ခေါ်ထုတ်လာသည့် ထိုင်းအမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။


ကလေးငယ်(၅)ဦးအပါအဝင် မြန်မာနိုင်ငံသား(၁၀)ဦးကို အဆိုပါထိုင်းအမျိုးသားသုံးဦး၏ ကားထဲတွင်တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ယာယီဒုက္ခသည်စခန်းများတွင်နေထိုင်သော မြန်မာဒုက္ခသည်အချို့သည်  ထိုင်းနိုင်ငံတွင်းသို့ ခိုးဝင်လာကြောင်း သတင်း ပေးချက်များအရ နယ်မြေခံအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်အချို့သည် Khun Yuam ခရိုင် Mae Kee ရွာအဝေးပြေးလမ်း ၁၃၃၇ ရှိ စစ်ဆေးရေးဂိတ်တွင် ချင်းမိုင်လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော ပစ်ကပ်ထရပ်ကားနှစ်စီးကို ရပ်တန့်ကာ စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ရဲတပ်ဖွဲ့များသည် ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူမြန်မာနိုင်ငံသားများကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပစ်ကပ်ထရပ်ကားနှစ်စီး၏ ယာဉ်မောင်းများအပါအဝင် အမျိုးသားသုံးဦးလုံးသည် ထိုင်းနိုင်ငံသားများဖြစ်ပြီး Anai အမည်ရှိ အသက်(၃၈) နှစ် အရွယ်အမျိုးသား၊ Sangworn အမည်ရှိ အသက်(၂၁)နှစ်အရွယ်အမျိုးသား နှင့် Anurak အမည်ရှိအသက်(၅၄)နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အရွယ်ရောက်ပြီးသူ(၆)ဦးနှင့် အသက်(၅)နှစ်မှ (၁၄)နှစ်ကြား ကလေးငယ်လေးဦးတို့သည် စာရွက်စာ တမ်းအထောက်အထားများမရှိသော်လည်း ထိုင်းဘာသာစကားကိုပြောနိုင်ကြကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ကယားပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေးလာကြသူများဖြစ်ပြီး နယ်စပ်အနီး Mae Ko ကျေးရွာရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများဖြစ်ကြောင်းသိရသည်။

အဆိုပါမြန်မာနိုင်ငံသား(၁၀)ဦးသည် Mae La Noi ခရိုင်ရှိ ၎င်းတို့၏ ဆွေမျိုးများကို တွေ့ဆုံရန်အတွက်သွားရောက်ကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကိုပြောကြားခဲ့သည်။ မြန်မာနိုင်ငံသားများကို ယာယီဒုက္ခ သည် စခန်းများမှခေါ်ယူကာ  Ban Mae Kee ရွာအနီးတွင်ချထားရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း Anai ကပြောကြားခဲ့သည်။ ယာယီဒုက္ခသည်စခန်းများမှ နိုင်ငံတွင်းသို့ခိုးဝင်လာသော မြန်မာဒုက္ခသည်များကို နှစ်ကြိမ်ကူညီခဲ့ကြောင်း နှင့် ကယ်ဆယ်ရေးစခန်းများသို့ ပစ္စည်းများပို့ဆောင်ပေးခြင်းကြောင့် မြန်မာဒုက္ခသည်များတွင် ၎င်းကိုဆက်သွယ်ရန် ဖုန်းနံပါတ်ရှိခြင်းဖြစ်ကြောင်း Anai ကပြောကြားခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသားများကို သယ်ယူပို့ဆောင်ပေးမှုဖြင့် Anai နှင့်၎င်း၏ လက်ထောက်နှစ်ဦးကို တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင် ဒေသဆိုင်ရာဥပဒေပြုလွှတ်တော်အမတ်(၂၄၅)ဦးအတွက် မဲပေးမှုများစတင်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved