မလေးရှားနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင် ဒေသဆိုင်ရာဥပဒေပြုလွှတ်တော်အမတ်(၂၄၅)ဦးအတွက် မဲပေးမှုများစတင်
Pika (NSS) - ဩဂုတ် ၁၂
မလေးရှားနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင်နေထိုင်သော နိုင်ငံသား(၉ ဒသမ ၇)သန်းသည် ယနေ့ (ဩဂုတ်လ ၁၂ ရက်)တွင် ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်အမတ်(၂၄၅)ဦးအတွက် မဲပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် ပြိုင်ဘက်ညွန့်ပေါင်းအဖွဲ့များသည် ၎င်းတို့၏မူဝါဒများကို ထုတ်ဖော်ပြသခြင်း၊ ကတိများပေးခြင်း၊သတိပေးချက်များ ထုတ်ပြန်ခြင်းတို့ဖြင့် ထောက်ခံမဲများရရှိရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ၎င်း၏စည်းလုံးးညီညွတ်သော အစိုးရသည် အစိုးရလစာများကို တိုးမြှင့်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး အတိုက်အခံပါတီ Perikatan Nasional (PN) ခေါင်း ဆောင် Muhyiddin Yassin ကလည်း Selangor ပြည်နယ်၏ ရန်ပုံငွေများကို ပြည်သူတို့အတွက် အသုံးချသွားမည်ဟု ကတိပြုပြောဆိုခဲ့သည်။
၎င်းတို့သည် ထောက်ခံမဲများရရှိစေရန်အတွက် အမျိုးမျိုးသောနည်းဗျူဟာများဖြင့် မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ထို့ပြင် အကဲ ခတ်သူတစ်ဦးက ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် နောက်ဆုံးမိနစ်တွင် ကတိများထပ်မံပေးခြင်းဖြင့် ထောက်ခံမဲများရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ သို့သော်လည်း လက်ရှိအာဏာရ Pakatan PH-Barisan Nasional (PH-BN) မဟာမိတ်အဖွဲ့နှင့် အတိုက်အခံအတိုက်အခံပါတီ Perikatan Nasional (PN)ညွန့်ပေါင်းအဖွဲ့တို့၏ ထောက်ခံမဲများရရှိအောင် ကတိပြုပြောဆိုချက်များ သည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်မည်မဟုတ်ကြောင်း လေ့လာသုံးသပ်သူများကပြောကြားခဲ့သည်။
BowerGroup Asia ဒါရိုက်တာ Asrul Hadi Abdullah Sani က"မဲဆန္ဒရှင်အများစုဟာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာကို စိတ်ထဲမှာ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ပါတီတွေရဲ့ နောက်ဆုံးမိနစ်မှာထုတ်ဖော်ပြောဆိုခဲ့ကြတဲ့ ကတိပေးမှုတွေဟာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်ထားတဲ့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပွားနေသော တင်းမာမှုများလျှော့ချရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ဖိလစ်ပိုင်အစိုးရကို တရုတ်အစိုးရတိုက်တွန်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ