ပုသိမ်မြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျခဲ့ရာ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ
NSS - သြဂုတ် ၁၂
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှသိရသည်။
ဖြစ်စဥ်မှာ ယနေ့(သြဂုတ်လ ၁၂ ရက်)၊ နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အား ပုသိမ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အား အရိပ်တစ်ခုလူမှု ကူညီရေးအသင်းမှ ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း အိမ်ခြံမြေဈေးသည် အတက်ဈေးဖြင့်သာ ရပ်တည်နေဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း