တမူးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပစ္စည်းလုယက်သည့်အပြင် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပစ္စည်းများလုယက်သည့်အပြင် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်၊ ညနေ ၉နာရီခွဲအချိန်တွင် တမူးမြို့နယ်၊ စန္ဒကူး(၃) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ အင်အား(၄)ဦးခန့်က သေနတ်များကိုင်ဆောင်ကာရောက်ရှိလာပြီး နေအိမ်ရှိ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံး နှင့် ငွေသားများအား လုယက်ယူဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စန္ဒကူး(၃)ရပ်ကွက်တွင်နေထိုင်သည့် ဦးပိန်းကမ်(၄၉)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းစီး၍ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတွင်း ပိတ်ဆို့စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်လေယာဥ်ကွင်းအား နိုင်ငံတကာမှ လေယာဥ်များဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်မည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း