အနောက်အုပ်စုနိုင်ငံ (၃၈)နိုင်ငံ နှင့် အခွန်ကောက်ခံမှုဆိုင်ရာ သဘောတူညီချက်များကို ဆိုင်းငံ့လိုက်ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - သြဂုတ် ၉
ရုရှားသမ္မတပူတင်သည် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားနှင့် အခွန် ကောက်ခံမှုဆိုင်ရာ သဘောတူညီစာချုပ်ပါအချက်အချို့ကို ရပ်ဆိုင်းသည့် အမိန့်တစ်ရပ်ကို ဩဂုတ်လ(၈)ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည့်နိုင်ငံများနှင့် နှစ်ထပ်အခွန်ကောက်ခံမှု သဘောတူစာချုပ်များကို ဖျက်သိမ်းရန် စိတ်ကူးကို ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆိုပြုခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံအပေါ် အချို့နိုင်ငံများ၏ လုပ်ရပ်များကြောင့် လိုအပ်သည့်လက်တုံ့ပြန်မှုများ လုပ်ဆောင်ရန်အတွက် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပြုချက်ထဲ တွင် "ပြည်ပနိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ တရားဝင်စီးပွားရေးနဲ့ အခြားအကျိုးစီးပွားတွေ၊ ရုရှား နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို မဖယ်ရှားမချင်း နှစ်ထပ် အခွန်ကောက်ခံမှု သဘောတူစာချုပ်ကို တားမြစ်ပိတ်ပင်ထားမှာဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။
ထို့အပြင် အခွန်ကောက်ခံမှုဆိုင်ရာ သဘောတူစာချုပ်ကို ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ရုရှားစီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျှော့ချရန်အတွက် လိုအပ်သည့်အစီအစဉ်များကို လုပ်ဆောင်ရန် ရုရှားအစိုးရကို ညွှန်ကြားထားကြောင်းလည်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများကို အကြောင်းကြားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က လုပ်ဆောင်နေစဉ်အချိန်အတွင်း ဝန်ကြီးများအဖွဲ့သည် ယင်းအဆိုပြုချက် ဥပဒေမူကြမ်းကို ရုရှားလွှတ်တော်သို့ တင်သွင်းရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဥပဒေမူကြမ်းတွင် အထူးသဖြင့် ရုရှားနှင့် အမေရိကန်တို့ကြား နှစ်ထပ်ခွန်ကောက်ခံမှုဆိုင်ရာ သဘောတူညီချက်များကို ဆိုင်းငံ့ထားပြီး ဝင်ငွေ နှင့် အရင်းအနှီးများအပေါ် အခွန်တိမ်းရှောင်မှုတားဆီးရေး တို့လည်း ပါဝင်ကြောင်း သိရသည်။ ရုရှားအစိုးရသည် ဗြိတိန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျပန်၊ ချက်ပြည်သူ့သမ္မတ နိုင်ငံ၊ ဒိန်းမတ်၊ နော်ဝေး၊ အီတလီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်တို့ အပါအဝင် ရုရှားအပေါ် ပိတ်ဆို့အရေးယူ မှုများ ချမှတ်ထားသည့် နိုင်ငံပေါင်း(၃၈)နိုင်ငံ နှင့် နှစ်ထပ်ခွန်ကောက်ခံမှုသဘောတူညီချက်များကို ဆိုင်းငံ့ထား ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း(၁၆၇)သန်းဝန်းကျင် သက်တမ်းရှိ ဒိုင်နိုဆောရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ဟုဆို
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း