Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစက၏ ရှေ့လုပ်ငန်းစဉ်များ နှင့် ဦးတည်ချက်များကို အသစ်ထပ်မံချမှတ်

မျိုးကြီး (NSS) - သြဂုတ် ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစက၏ ရှေ့လုပ် ငန်းစဉ်များနှင့် ဦးတည်ချက်များကို အသစ်ထပ်မံချမှတ်လိုက်ကြောင်း သတင်းရရှိသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့(သြဂုတ်လ ၉ ရက်)တွင် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည် ချက်များကို အသစ်ပြန်လည်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အသစ်ချမှတ်လိုက်သည့် နစက၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပထမအချက်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာရန် အလေးထားဆောင်ရွက်သွားမည်ဟု ချမှတ်ထားသည်။

ယခင်ရှေ့လုပ်ငန်းစဉ်၌ ပထမအချက်အနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည် ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်ဟု ချမှတ်ထားခဲ့သည်။

ထို့ပြင် အသစ်ထပ်မံချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်တွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့်ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေး ထားလုပ်ဆောင်သွားမည်ဟုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားသည်။

ဆက်လက်ပြီး ရှေ့လုပ်ငန်းစဉ်၌ ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေ ခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

နစက၏ ရှေ့လုပ်ငန်းစဉ်(၅)တွင် နောက်ဆုံးအချက်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့် အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ချမှတ်ထားသည်။

ယခု အသစ်ချမှတ်လိုက်သည့် နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် ယခင်က ချမှတ်ခဲ့သော ရှေ့လုပ်ငန်း စဉ်(၅)ရပ်ထက် စကားလုံးများနှင့် အဓိပ္ပါယ်အချို့ပါဝင်လာသော်လည်း ကြီးကြီးမားမား ပြင်ဆင်ချမှတ်ထားခြင်းမျိုး မရှိကြောင်း တွေ့ရှိရသည်။

နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အသစ်ချမှတ်ခဲ့သည့်အပြင် နစက ဦးတည်ချက်များကိုလည်း အသစ်ထပ်မံချမှတ်ခဲ့သည်။

နစက ဦးတည်ချက်များသည် ယခင်က (၁၂)ချက်ရှိရာမှ လက်ရှိတွင် ဦးတည်ချက်(၉)ရပ်အဖြစ် ပြန်လည်ပြင်ဆင်ကာ ချမှတ်ထားသည်ကို တွေ့ရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော်၌ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်၊ ဝန်ကြီးများနှင့်တွေ့ဆုံကာ အသစ်ထပ်မံချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန် အစိုးရ၏ တာဝန်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်တွင် နစကအစိုးရအား သက်တမ်း (၆)လ ထပ်မံတိုးမြှင့်အပြီး ရက်ပိုင်းအတွင်း၌ နစကအဖွဲ့၊ အစိုးရအဖွဲ့များကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

BRICS ထိပ်သီးအစည်းအဝေးကို နိုင်ငံပေါင်း (၃၄) နိုင်ငံက ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း တောင်အာဖရိကအစိုးရ ပြော

RELATED POSTS
RECENT POSTS
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved