ပြင်ဦးလွင်မြို့နယ်၌ ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၉
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ မိုးရွာစဉ်လမ်းချော်၍ Express ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်သည် ယနေ့ (ဩဂုတ်လ ၉ ရက်)နံနက် ၇နာရီ ၁၀မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၃)နယ်မြေ၊ ညောင်ပေါကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၂၂/၁)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သန္တိသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်တာက မိုးတွင်းဆိုတော့ စလစ်ဖြစ်တာပေါ့။ လမ်းဘေးကိုထိုးကျပြီးမှောက်တာပါ”ဟု သန္တိသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
တိမ်းမှောက်ခဲ့သော Express တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးသာပါရှိပြီး ခရီးသည် လိုက်ပါလာခြင်းမရှိကြောင်း သိရသည်။
“ဘယ်ကိုပြေးဆွဲတဲ့လိုင်းတော့မသိဘူးဗျ။ ခရီးသည်လဲမပါဘူးဗျ။ ဒီဘက်လမ်းကို ဆွဲတဲ့ကားတော့မဟုတ်ဘူးဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
အထပ်ပါ ယာဉ်တိမ်းမှောက်မှုတွင် သန္တိသုခလူမှုကူညီရေးအသင်းအပြင် ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း ၊ မြို့နယ်မီးသတ်စခန်း နှင့် ရတနာပုံမြို့သစ်နယ်မြေစခန်းတို့မှတပ်ဖွဲ့ဝင်များကလည်းလာရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှလမ်းရှိ လမ်းပိုင်းအချို့ပျက်စီးနေခြင်းကြောင့် မြန်မာ-ထိုင်း မည်သည့်နယ်စပ်ဂိတ်မှမဆို ပို့ကုန်တင်ပို့မှု နှင့် သွင်းကုန်တင်သွင်းမှုများကို ပြောင်းလဲခွင့်ပြုပေးမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ