စစ်တွေမြို့နယ်ရှိ ရူပမြောက်ချောင်းတွင် ပီနံအိတ်ဖြင့်ထည့်ကာပစ်ထားသည့် ပုပ်ပွနေသော အလောင်းတွေ့ရှိ
NSS - သြဂုတ် ၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရူပမြောက်ချောင်းတွင် ပီနံအိတ်ဖြင့်ထည့်ကာပစ်ထားသည့် ပုပ်ပွနေသောအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းအား ယနေ့(သြဂုတ်လ ၈ ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် ရူပမြောက်ချောင်းအတွင်းတွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သိရသည်။
“ကလေးနှစ်ယောက်က အမှိုက်ရှာရင်းနဲ့ အရင်တွေ့တာပါ။ ရိုက်သတ်ထားတယ်လို့တော့ထင်တယ်။ ပီနံအိတ်နဲ့ထုတ်ပြီး ပစ်ထားတာ။ ရုပ်ပျက်ဆင်းပျက်ကြီးကိုဖြစ်နေတာ။ ပုပ်ပွနေတာ” ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အလောင်းအား စစ်တွေရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရပြီး မိသားစုဝင်များနှင့် အဆက် အသွယ် မရရှိသေးကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် ခန့်မှန်းအားဖြင့် အသက်(၂၀)နှင့် (၃၀)ဝန်းကျင်ရှိနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ