Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စာသင်ပေးနေသည့်ဆရာမတစ်ဦးကို PDF အဖွဲ့က ကျောင်းအပြင်သို့ခေါ်ထုတ်ကာ သေနတ်ဖြင့် အနီးကပ် ပစ်သတ်မှုဖြစ်ပွား

NSS - သြဂုတ် ၆

စာသင်ပေးနေသည့်ဆရာမတစ်ဦးကို PDF အဖွဲ့က ကျောင်းအပြင်သို့ခေါ်ထုတ်ကာ သေနတ်ဖြင့် အနီးကပ် ပစ်သတ်မှု မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(သြဂုတ် ၆ ရက်) နံနက် ၁ဝ နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ခက်လန်းကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်နန်းလှဝင်းသည် Grade 4 ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေး နေစဉ်အချိန်တွင် PDF အဖွဲ့ဝင် (၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် အမက(မြိုင်သာကျေးရွာ)ကျောင်းသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။


ထို့နောက် PDF အဖွဲ့ဝင် (၂)ဦးသည် ဆရာမဒေါ်နန်းလှဝင်းအား ကျောင်းအပြင်သို့ ခေါ်ထုတ်သွားပြီးနောက် ဆရာမ၏ ဦး ခေါင်းအား သေနတ်ဖြင့် အနီးကပ် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ဆရာမဒေါ်နန်းလှဝင်း၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ပွားနေရာ၌ပင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ် ဖြစ်သွားတာက မှန်ပါတယ်။ ကျောင်းဆရာမပါ။ ဒီနေ့မနက်ကမှ ဖြစ်သွားတာ။ ဆရာမအလောင်းကိုတော့ ရွာက ကား နဲ့ ဆေးရုံကို ပို့ပေးတယ်။ ပြီးတော့ အလောင်းကို ရွာပြန်သယ်လာပြီးတော့ သူနေအိမ်ကို ပို့ပေးလိုက်တယ်လို့ သိရတယ်” ဟု မြိုင်သာကျေးရွာဒေသခံတစ်ဦးက NP News ကို ပြောသည်။

ဆရာမဒေါ်နန်းလှဝင်းသည် အသတ်ခံရချိန်၌ အသက်(၅ဝ)နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရပြီး အဆိုပါကျောင်း၌ မူလတန်း ပြဆရာမ/ ယာယီကျောင်းတာဝန်ခံအဖြစ် တာဝန်ယူ စာသင်ကြားပေးနေသူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သော နိုင်ငံရေးပဋိပက္ခများကြောင့် ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမ (၁ဝဝ)နီးပါး အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။


စာသင်ကျောင်းများနှင့် ဆရာ/ဆရာမများကို ဖျက်ဆီးသတ်ဖြတ်ခြင်းလုပ်ရပ်များသည် အနာဂတ်တိုင်းပြည်၏ ကံကြမ္မာကို အဆိုးဘက်သို့ တွန်းပို့ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အပြုအမူများကို လက်မခံသင့်ကြောင်း တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူးဦးထွန်းရီက NP News ကို ပြောသည်။

“ဘယ်သူပဲဖြစ်ဖြစ်ပေါ့ တရားမဲ့ အလုပ်ခံရတယ်ဆိုတဲ့ဟာက ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဆရာ/ဆရာမတွေဆိုတာက အများကို ဒုက္ခပေးတာမဟုတ်ဘဲနဲ့ တိုင်းပြည်ရဲ့အနာဂတ်အညွန့်အဖူးလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့အပိုင်းတွေပေါ့။ အဲဒီအပိုင်းတွေကို လုပ်တာကတော့ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ လက်ခံသင့်တဲ့ ကိစ္စမဟုတ်ဘူး”ဟု ဦးထွန်းရီက ပြောသည်။

နိုင်ငံတော် တာဝန်ယူထားသည့် နစကအစိုးရအနေဖြင့် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံနေရသည့် ဆရာ၊ ဆရာမများ အပေါ် အပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်သမားများကလည်း ဆရာ၊ ဆရာမများကို ဆက်လက်အကြမ်းဖက်သတ်ဖြတ်နေဆဲဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၆) လသက်တမ်းတိုးတဲ့ နစကရဲ့ ကောင်စီအစိုးရ ပြင်ဆင်စုဖွဲ့မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖြေလျော့ခြင်း အနာဂတ် (PK Show)

RELATED POSTS
RECENT POSTS
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved