လားရှိုး Sunny ဟိုတယ်ရှေ့၌ ရပ်ထားသည့်ယာဥ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိပြီးရက်ပိုင်းအတွင်း ပေါက်ကွဲမှုထပ်မံဖြစ်ပွား
NSS - သြဂုတ် ၆
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ Sunny ဟိုတယ်ရှေ့၌ ရပ်ထားသည့်ယာဥ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိပြီးရက်ပိုင်းအတွင်း ပေါက်ကွဲမှုထပ်မံဖြစ်ပွားသတင်းရရှိသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်သည် ယနေ့(သြဂုတ် ၆ ရက်) နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်တွင် လားရှိုးမြို့၊ (၃)ရပ်ကွက်၊ သိန်းထိုက်ရုပ်ရှင်ရုံ အနောက်ဘက်ရှိ Sunny ဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြို့ခံများက NP News ကို ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကားဗုံးမပေါက်ကွဲတဲ့နေရာမှာ ထပ်ဖြစ်တာပေါ့။ Sunny ဟိုတယ်ရှေ့ပေါ့။ အရင်တုန်းက မပေါက်ကွဲခဲ့တဲ့ ကားဗုံးကလည်း အဲဒီမှာ ရပ်ထားတာ။ အခု ပေါက်ကွဲမှုကတော့ အဲဒီ Sunny ဟိုတယ်အတွင်းထဲမှာ ပေါက်ကွဲသွားတာပါ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
လားရှိုးမြို့ Sunny ဟိုတယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဉ်သည် (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
၎င်းကဲ့သို့ ဟိုတယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ မီးလောင်ကျွမ်းမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သည့် လားရှိုးမြို့ခံတစ်ဦးက NP News ကို အသိပေးပြောထားသည်။
ပြီးခဲ့သော ဇူလိုင် ၂၁ ရက်ကလည်း Sunny ဟိုတယ်ရှေ့၌ ရပ်ထားသည့် Mark II ကားတစ်စီးအတွင်းမှ ဗုံးများ အပါအဝင် Gas အိုးများ၊ ဓာတ်ဆီဗူးများ အပါအဝင် ပေါက်ကွဲအားပြင်းထန်စေနိုင်သည့် ပစ္စည်းများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း