Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆော်ဒီအာရေးဗီးယားသံရုံးက လက်ဘနွန်ရောက် ၎င်း၏နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် တိုက်တွန်း

Htay Oung (NSS) - ဩဂုတ် ၅

လက်ဘနွန်နိုင်ငံရောက် နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာကြဖို့နဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာများအနီး ချဉ်းကပ်ခြင်းမပြုကြဖို့ တိုက်တွန်းကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံရုံးက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားတယ်လို့ Reuters က ယနေ့(ဩဂုတ်လ ၅ ရက်)မှာဖော်ပြပါတယ်။ 


ဒါပေမယ့် လက်ဘနွန်နိုင်ငံအတွင်း ဘယ်ဒေသတေတွကို ရှောင်ရှားရမယ်ဆိုတာကိုတော့ တိုက်တွန်းချက်မှာ ပါ၀င်ခြင်း မရှိပါဘူး။

လက်ဘနွန်နိုင်ငံကို ခရီးသွားလာခွင့် တားမြစ်ချက်ထားချက်အပေါ် လိုက်နာရန်လည်း အရေးကြီးတယ်လို့ ဆော်ဒီသံရုံးက အလေးပေးပြောကြားထားပါတယ်။

ကူဝိတ်နိုင်ငံကလည်း အလားတူ တိုက်တွန်းချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။ လက်ဘနွန်ရောက် ကူဝိတ်နိုင်ငံ သားတို့အနေနဲ့ သတိရှိရှိ နေထိုင်ရန်၊ လုံခြုံရေးအရ မငြိမ်မသက်ဖြစ်ပေါ်နေတဲ့ ဒေသများအနီး ချဉ်းကပ်သွားလာခြင်းမှ  ရှောင်ရှားရန် စနေ(ယနေ့) နံနက်ပိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံမှထွက်ခွာရန် ယခင်တိုက်တွန်းချက်ကို ပယ်ဖျက်လိုက်ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁ ရက်ကတည်းက ဗြိတိန်နိုင်ငံကလည်း သူ့နိုင်ငံသားများအနေနဲ့ “အိန်အယ်လ်ဟေးဝါ" ပါလက်စတိုင်း (ဒုက္ခသည်) စခန်းတည်ရှိရာ လက်ဘနွန်တောင်ဘက်ဒေသများကို မလွှဲမရှောင်သာ ကိစ္စရပ်များမှအပ ခရီးသွားလာခြင်း မပြုကြဖို့ တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်စခန်းအတွင်းမှာ ပါလက်စတိုင်း “ဖာတာ"ပင်မအုပ်စုနဲ့ သဘောထားတင်းမာသူ အစ္စလာမ်မစ်ဝါဒီတို့အကြား ဇူလိုင်လ ၂၉ ရက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊  လူ ၁၃-ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများစုမှာ စစ်သွေးကြွများဖြစ်ကြောင်း စခန်းရှိ လုံခြုံရေးသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

အစ္စရေးနိုင်ငံကို တည်ထောင်ပြီးနောက် ပါလက်စတိုင်း ဒုက္ခသည်များအတွက် ၁၉၄၈ ခုနှစ် အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာ တည်ထောင်ခဲ့တဲ့ (ဒုက္ခသည်) စခန်း ၁၂ ခု အနက် အိန်အယ်လ်ဟေးဝါဟာ အကြီးဆုံးဖြစ်ပါတယ်။ လက်ဘနွန်ရောက် ပါလက်စတိုင်း ဒုက္ခသည် ၂၅၀,၀၀၀ အနက် ၈၀,၀၀၀ ခန့်ဟာ အဲဒီစခန်းမှာ ခိုလှုံနေကြတယ်လို့ ပါလက်စတိုင်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

မာမွတ်ခါလီအမည်ရှိ လက်နက်ကိုင်အုပ်စုတစ်စုမှ အဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း သူ့အစား သူ့အပေါင်းအသင်းတွေကို သေနတ်နဲ့ ပစ်သတ်သွားရာမှ ဇူလိုင်လ ၂၉ ရက်မှာ အကြမ်းဖက်မှုစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နေ့မှာ ဖာတာအဖွဲ့မှ စစ်ဗိုလ်ချုပ်တစ်ဦးနဲ့ အစောင့်အကြပ်သုံးဦးတို့က ကားပါကင်ကို ဖြတ်လျှောက်လာစဉ် လက်တုံ့ပြန်တိုက်ခိုက်ရေးသမားများက ပစ်သတ်လိုက်တဲ့အတွက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ ပါလက်စတိုင်းအရာရှိ တစ်ဦးက ပြောပြပါတယ်။

လက်ဘနွန်တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့များနဲ့ ပါလက်စတိုင်းအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရေးအသစ်ကို ကြေညာခဲ့ပေမယ့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

( Reuters., 5 August 2023,” Saudi Arabia urges its citizens to quickly leave Lebanon” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နယူးယောက်ရှိ ပန်းခြံတစ်ခုမှာ နာမည်ကြီး live streamer တစ်ယောက်ရဲ့ giveaway ပေးတဲ့ အစီအစဉ်ကြောင့် ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ရ

RELATED POSTS
RECENT POSTS
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved