နယူးယောက်ရှိ ပန်းခြံတစ်ခုမှာ နာမည်ကြီး live streamer တစ်ယောက်ရဲ့ giveaway ပေးတဲ့ အစီအစဉ်ကြောင့် ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ရ
ရောင်နီ (NSS) - ဩဂုတ် ၅
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Union Square ပန်းခြံရဲ့လမ်းမတွေမှာ သောကြာနေ့ (သြဂုတ်လ ၄ ရက်)က လူကြိုက်များ ရေပန်းစားတဲ့ live streamer တစ်ယောက်ရဲ့ giveaway အစီအစဉ်တစ်ခုကြောင့် လူတွေရာနဲ့ချီစုပြုံကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဂိမ်းဆိုက်ဒ် Twitch နဲ့ YouTube ဗီဒီယိုတွေမှာ တမူထူးခြားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကြောင့် နာမည်ကြီးလူသိများတဲ့ live streamer Kai Cenat က အဆိုပါ giveaway ပွဲကို သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ သူရဲ့ အင်စတာဂရမ် အကောင့်မှ "huge giveaway" လို့ ဆိုကာ ကြိုတင် ကြေညာခဲ့တာဖြစ်ပါတယ်။ ပွဲလုပ်နေချိန် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေမှာ Giveaway လာယူသူတွေက ပုလင်းတွေ၊ ကုလားထိုင်တွေကို ပစ်ပေါက်ကာ ဆောက်လုပ်ရေးအတားအဆီးတွေကိုလည်း ဖြိုချနေတာ တွေ့ရပါတယ်။ ဘယ်အရာက အခုလို ပရမ်းပတာဖြစ်စေခဲ့တာလဲဆိုတာ မသိရသေးပါဘူး။ ညနေ ၅ နာရီမှာတော့ ရဲတွေက ရင်ပြင်တဝိုက်မှာ အတားအဆီးတွေချထားပြီး လူစုလူဝေးကို ပိတ်ဆို့ထားခဲ့ပါတယ်။ ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု၊ ဖမ်းဆီးခံရတဲ့ အရေအတွက်နဲ့ ပတ်သတ်ပြီး သတင်းမရသေးဘူးလို့ မြို့မရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် live streamer Cenat ဟာ Twitch မှာ Follower ၆.၅ သန်းရှိပြီး YouTube မှာ subscriber ၄ သန်းကျော်ထိ ရှိပါတယ်။ ဒါ့ပြင် ၄င်းဟာ Streamy Awards မှ ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး Streamer of the Year ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်၌ ကျင်းပသည့် လျှပ်စစ်ကားများပါဝင်သော ဈေးရောင်းပွဲတော်တွင် တစ်ပိဿာ ငွေကျပ် (၅၀၀၀) ကျော်နှုန်းဖြင့် ရောင်းချသည့် စားသုံးဆီကို ဝယ်ယူသူမျာပြား
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း