Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထွက်ပေါ်လာနိုင်သော ရွေးကောက်ပွဲအခင်းအကျင်း (၂)ခုကို နစက အသိပေး

မျိုးကြီး (NSS) - သြဂုတ် ၃

ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာနိုင်သော အခင်းအကျင်း(၂)ခုကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးပြောကြားခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ပထမရွေးကောက်ပွဲအခင်းအကျင်းသည် လတ်တလော၌ လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့် ဒေသများကို ချန်လှပ်ကာ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ကြောင်း တပ်ချုပ်က ပြောသည်။

၎င်းအခင်းအကျင်းဖြင့် ရွေးကောက်ပွဲကျင်းပပါက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ကျင်းပခဲ့သော (၃၁၅)မြို့နယ်ထက် ပိုမို၍ကျင်းပနိုင်မည့်မြို့နယ်အရေအတွက်သည် နည်းပါးသွားနိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ၏ မကျေနပ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နိုင်သည့်အပြင် ပြည်သူလူထု၏ မူလအခွင့်အရေးဖြစ်သော မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများလည်း ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့်အတွက် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ဒုတိယအခင်းအကျင်းသည် ရွေး ကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခင်းအကျင်းဖြင့် ရွေးကောက်ပွဲကျင်းပပါက အဓိကအားဖြင့် လက်နက်ကိုင်ဆန့် ကျင်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်ဒေသများ၌ လက်နက်အားကိုးခြိမ်း ခြောက်ကာ မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက်ဗုံးဖောက်ခွဲခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု အကျိုးဆက်များကို တပ်ချုပ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက်မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အပြင် အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးသို့ရောက်ရှိလာခြင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံ၏ဒီမိုကရေစီလမ်း ကြောင်းလျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်သည်ဟုလည်း ၎င်းကပြောသည်။

ထို့ကြောင့် ယင်းကဲ့သို့သော အခြေအနေများ မဖြစ်ပေါ်လာရေးအတွက် လတ်တလောအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းနှင့်ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးစသည့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေသည်ဟု တပ်ချုပ်က ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် ရွေး ကောက်ပွဲကျင်းပပေးနိုင်မည့်အချိန်ကို အတိအကျ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးသော်လည်း ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ဦးတည်လုပ်ဆောင်နေကြောင်း နစကမှ အသိပေးထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် NUG၊ CRPH၊ PDF တို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ၊ မကွေးတိုင်းမြောက်ဘက်ခြမ်း၊ ပဲခူးတိုင်း အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်အချို့၊ ကရင်၊ ကယား၊ ချင်း နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် လက် နက်ကိုင်တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်းလည်း နစကမှ အသိပေးထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝိုင်ဖိုင်ကြိုးသွယ်တန်းရာမှ အမျိုးသား (၃)ဦး ဓာတ်လိုက်မှု သာကေတမြို့နယ်၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved