ဝိုင်ဖိုင်ကြိုးသွယ်တန်းရာမှ အမျိုးသား (၃)ဦး ဓာတ်လိုက်မှု သာကေတမြို့နယ်၌ဖြစ်ပွား
စော (NSS) - ဩဂုတ် ၃
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဝိုင်ဖိုင်ကြိုးသွယ်တန်းရာမှ အမျိုးသား (၃)ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၂ရက်)၊ ညနေ (၄)နာရီအချိန်တွင် သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီး၊ ဇိနမာရ်အောင် ဘုရားအနီး၌ ဖြစ်ပွားခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းထံမှ သိရသည်။
“သူတို့ကဝိုင်ဖိုင်ကြိုးကို ဓာတ်တိုင်ပေါ်ကနေ တိုက်ခန်း (၆)လွှာပေါ်ကို ကြိုးလာသွယ်တာ။ ဝိုင်ဖိုင်ကြိုးက (၆၆၀၀)ဓာတ်ကြိုးကြီးပေါ်ကိုကျသွားတော့ ဝါယာရှော့ဖြစ်ပြီး ဓာတ်လိုက်သွားတာပါ။ အိမ်ပေါ်မှာတစ်ယောက် အောက်မှာနှစ်ယောက် ဓာတ်လိုက်သွားတာပါ”ဟု ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသား (၃)ဦးအား စံပြဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိအချိန်တွင် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဇူလိုင်လ ၃၁ ရက်)တွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်ရှိ နေအိမ်တွင် ရေစုပ်စက်ဖြင့် ရေစုပ်နေစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Ombudsman Office ရုံးရဲ့တင်ပြချက်များကို လက်ခံစစ်ဆေးပေးဖို့ သင့်/မသင့်ဆိုတဲ့အချက်ကို အပြီးသတ်ဆုံးဖြတ်ဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ရွှေ့ဆိုင်း
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း