Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်သမ္မတရုံး၊ အိမ်ဖြူတော်ရုံး ဝန်ထမ်းရေးရာအကြီးအကဲ ရာထူးက ထွက်တော့မယ်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

အမေရိကန်သမ္မတရုံး အိမ်ဖြူတော်ရုံးရဲ့ဝန်ထမ်းရေးရာအကြီးအကဲ Ron Klain ဟာ မကြာမီ ရာထူးကနေ နှုတ်ထွက်ဖွယ်ရှိနေကြောင်း အမေရိကန်မီဒီယာတွေ က ဖော်ပြပါတယ်။

၎င်းဟာ အမေရိကန်အိမ်ဖြူတော်ရုံးအဖွဲ့အကြီးအကဲအဖြစ် ၂ နှစ်ကျော်ကြာ တာဝန်ယူပြီးနောက် ရာထူးကနေ နှုတ်ထွက်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ နှစ်လည် ရွေးကောက်ပွဲ အပြီး မကြာမီမှာရာထူးက နှုတ်ထွက်ဖို့ စီစဉ်လာခဲ့တာဖြစ်ကြောင်း Ron Klain က ဆိုပါတယ်။ ထွက်ပေါ်နေတဲ့သတင်းများအရမှု ၎င်းဟာ လာမယ့်ဖေဖော်ဝါရီ ၇ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးကနေ နှုတ်ထွက်ဖွယ်ရှိနေကြောင်း၊ ၎င်းနဲ့ အမေရိကန်သမ္မတကြား ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့အတွက် ရာထူးကနေ နှုတ်ထွက်ဖို့ စီစဉ်လာခြင်းဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

၎င်း နှုတ်ထွက်မှုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းအတွင်း အရေးကြီးတဲ့အဖြစ်အပျက်တစ်ခု ဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ ၂ဝ၂ဝ ပြည့်နှစ်က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အတွက် မဲဆွယ်စည်းရုံးမှုတွေ အဓိကဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ အသက် ၈ဝ ကျော်အရွယ်ရှိနေပြီး ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို လာမယ့်သီတင်းပတ်များအတွင်း ကြေညာဖွယ် ရှိနေပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ပြိုင်ဘက်ဖြစ်သူ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ အသက် ၇၆ နှစ်အရွယ်ရှိနေပြီး လာမယ့် သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်လို့ကြေညာထားသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်ဟာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အိမ်ကို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်က Delaware မြို့ရှိ ဂျိုးဘိုင်ဒန်ရဲ့အိမ်ကို ရှာဖွေမှုမှာ သမ္မတဟောင်းအိုးဘားမား လက်ထက် ဒုတိယသမ္မတလုပ်ခဲ့ချိန်က ခွဲခြားထားတဲ့အစိုးရမှတ်တမ်းမှတ်ရာ စာရွက်များ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့အိမ်ကိုရှာဖွေဖို့ အက်ဖ်ဘီအိုင်အဖွဲ့ကိုခွင့်ပြုခဲ့ပြီး၊ ခွဲခြားထားတဲ့ အစိုးရအဖွဲ့ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်း ၆ ခုတွေ့ရှိခဲ့ကာ၊ အချို့စာရွက်မှတ်တမ်းများထဲက လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူချိန်က စာရွက်မှတ်တမ်းတွေလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version; 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာသည် တရုတ်နိုင်ငံအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် နိုင်ငံဖြစ် ကြောင်း တပ်ချုပ်ပြော

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved