မော်လမြိုင်မြို့ရှိ သံလွင်တံတားပေါ်မှ ကိုရင်ကြီးတစ်ပါးခုန်ချမှု ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတားပေါ်မှ သံလွင်မြစ်အတွင်းသို့ ကိုရင်ကြီးတစ်ပါး ခုန်ချသွားခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၂ ရက်)၊ နံနက် ၁၀နာရီ ၅၅မိနစ်အချိန်တွင် မော်လမြိုင်မြို့ရှိ သံလွင်တံတား RP 11 နှင့် RP 12 အကြားတွင် ခုန်ချသွားခဲ့ကြောင်း သိရသည်။
“ခုန်ချသွားတာကိုရင်ကြီးပေါ့။ မော်လမြိုင်ဘက်ကို လာရင်းနဲ့ အပေါ့သွားချင်တယ်ဆိုတော့ သုံးဘီးကရပ်ပေးလိုက်တယ်ဗျ။ အဲဒီမှာခုန်ချသွားတာပါ” ဟု ဘိုဘိုဝင်းအရေးပေါ်လူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ခုန်ချသွားသော သံဃာတော်သည် ပေါင်မြို့နယ်၊ မုတ္တမ၊ ရွှေရင်အေးကျောင်းမှ သက်တော် (၄၉)နှစ်ရှိ ဥူးကောသလ္လဖြစ်ပြီး မော်လမြိုင်မြို့ရှိ မျက်စီ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတွင် ဆေးခန်းပြရန် သက်တော်(၅၇)နှစ်ရှိ ဥူးအာစိန္တ၊ ယာဉ်မောင်းတစ်ဦးနှင့် အတူမီနီအိုးဝေဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါတံတားပေါ်သို့အရောက်တွင် ဥူးကောသလ္လသည် တံတားယာဘက်ခြမ်း လူသွားစင်္ကြန်ဘက်သို့ကူးကာ လက်ရန်းဘောင်မှ ကျော်၍ သံလွင်မြစ်အတွင်းသို့ ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သံလွင်တံတား RP 11နဲ့ RP 12ကြားမှာပေါ့။ မြစ်အလယ်ခေါင်ကိုခုန်ချသွားပါ” ဟု ဘိုဘိုဝင်းအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆက်လက် ပြောသည်။
လက်ရှိတွင် တံတားပေါ်မှခုန်ချသွားခဲ့သော ကိုရင်ကြီးသည် မည်သို့သောအကြောင်းရင်းကြောင့် ယခုကဲ့သို့ပြုလုပ်ခြင်းမသိရသေးကြောင်း နှင့် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မြေတိုင်း-၅ ရာထူးနေရာ (၄၀၀) နီးပါးကို ခေါ်ယူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ