Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံရှိ အဝေးပြေးလမ်းမပေါ်တွင် ကားတစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် အနည်းဆုံးလူ(၁၁)ဦး သေဆုံး

Pika (NP News) - ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ Mitrapap အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီ(၂၁)ရက်၊ ညပိုင်းက သဘာဝဓါတ်ငွေ့ရည် LNG သုံး ဗင်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းအပါအဝင် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် ည(၉)နာရီ ၃ဝ မိနစ်အချိန်တွင် Si Khiu ခရိုင်ရှိ အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ Amnat Charoen ပြည်နယ် မှတ်ပုံတင်ထားသော အဆိုပါဗင်ကားပေါ်တွင် ယာဥ်မောင်းနှင့် အခြားလူ(၁၁)ဦး လိုက်ပါစီးနင်းခဲ့ကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးချက်များအရ သိရသည်။ အဆိုပါဗင်ကားသည် Amnat Charoen ပြည်နယ်မှ Nakhon Pathom ပြည်နယ်သို့ ဦးတည်သွားလာနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဝေးပြေးလမ်းမ ကီလိုမီတာ(၉၉) နှင့် (၁ဝဝ)ကြားအရောက်တွင် ဗင်ကားသည် လမ်းအလယ်ရှိ လက်ရန်းကိုဝင်တိုက်မိကာ မြောင်းထဲသို့ ကျသွားခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာအနီးရှိ Si Khiu ခရိုင် Mo Chabok မြို့ Hook 31 ကယ်ဆယ်ရေးတပ်ဖွဲ့ခေါင်းဆောင် နစ်ကွန်ဆာအွန်းက ပေါက်ကွဲသံကိုကြားခဲ့ရပြီးနောက် မတော်တဆမှုဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ခဲ့သော်လည်း ဗင်ကားသည် တစ်စီးလုံးမီးလောင်ကျွမ်းနေပြီဖြစ်ကြောင်း ခရီးသည်တစ်ဦးမှာ မီးလောင်ကျွမ်းမှုမှ လွတ်မြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုဖြစ်ပွားရာနေရာသို့ မီးသတ်ကားတစ်စီးရောက်လာကာ မီးကို ချက်ချင်းငြိမ်းသတ်နိုင်ခဲ့သော်လည်း ယာဥ်မောင်းအပါအဝင် လူ(၁၁)ဦး မှာ မီးလောင်မှုအတွင်း သေဆုံးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။အဆိုပါ မတော်တဆမှုမှ လွတ်မြောက်ခဲ့သောသူမှာ Thanachit Kingkaew အမည်ရှိ အသက်(၂ဝ)အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း ၎င်းကို Si Khiu ခရိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး Saksayam Sirimongkol သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သူကို သွားရောက် ကြည့်ရှု ရန် ဆေးရုံသို့သွားခဲ့ကြောင်းသိရသည်။ အဆိုပါမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းများကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။


Zawgyi Version;

ထိုင္းႏိုင္ငံရွိ အေဝးေျပးလမ္းမေပၚတြင္ ကားတစ္စီး တိမ္းေမွာက္မီးေလာင္မႈေၾကာင့္ အနည္းဆုံးလူ(၁၁)ဦး ေသဆုံး

Pika (NP News) - ဇန္နဝါရီ ၂၂

ထိုင္းႏိုင္ငံ Mitrapap အေဝးေျပးလမ္းမေပၚတြင္ ဇန္နဝါရီ(၂၁)ရက္၊ ညပိုင္းက သဘာဝဓါတ္ေငြ႕ရည္ LNG သုံး ဗင္ကားတစ္စီး တိမ္းေမွာက္ခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းမႈမ်ားျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းအပါအဝင္ လူ(၁၁)ဦး ေသဆုံးခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အဆိုပါမေတာ္တဆမႈသည္ ည(၉)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ Si Khiu ခ႐ိုင္ရွိ အေဝးေျပးလမ္းမေပၚတြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ Amnat Charoen ျပည္နယ္ မွတ္ပုံတင္ထားေသာ အဆိုပါဗင္ကားေပၚတြင္ ယာဥ္ေမာင္းႏွင့္ အျခားလူ(၁၁)ဦး လိုက္ပါစီးနင္းခဲ့ေၾကာင္း အေစာပိုင္း စုံစမ္းစစ္ေဆးခ်က္မ်ားအရ သိရသည္။ အဆိုပါဗင္ကားသည္ Amnat Charoen ျပည္နယ္မွ Nakhon Pathom ျပည္နယ္သို႔ ဦးတည္သြားလာေနျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

အေဝးေျပးလမ္းမ ကီလိုမီတာ(၉၉) ႏွင့္ (၁ဝဝ)ၾကားအေရာက္တြင္ ဗင္ကားသည္ လမ္းအလယ္ရွိ လက္ရန္းကိုဝင္တိုက္မိကာ ေျမာင္းထဲသို႔ က်သြားခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အခင္းျဖစ္ပြားရာေနရာအနီးရွိ Si Khiu ခ႐ိုင္ Mo Chabok ၿမိဳ႕ Hook 31 ကယ္ဆယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္ နစ္ကြန္ဆာအြန္းက ေပါက္ကြဲသံကိုၾကားခဲ့ရၿပီးေနာက္ မေတာ္တဆမႈျဖစ္ပြားရာေနရာသို႔ အလ်င္အျမန္ သြားေရာက္ခဲ့ေသာ္လည္း ဗင္ကားသည္ တစ္စီးလုံးမီးေလာင္ကြၽမ္းေနၿပီျဖစ္ေၾကာင္း ခရီးသည္တစ္ဦးမွာ မီးေလာင္ကြၽမ္းမႈမွ လြတ္ေျမာက္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါ မေတာ္တဆမႈျဖစ္ပြားရာေနရာသို႔ မီးသတ္ကားတစ္စီးေရာက္လာကာ မီးကို ခ်က္ခ်င္းၿငိမ္းသတ္ႏိုင္ခဲ့ေသာ္လည္း ယာဥ္ေမာင္းအပါအဝင္ လူ(၁၁)ဦး မွာ မီးေလာင္မႈအတြင္း ေသဆုံးခဲ့ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။အဆိုပါ မေတာ္တဆမႈမွ လြတ္ေျမာက္ခဲ့ေသာသူမွာ Thanachit Kingkaew အမည္ရွိ အသက္(၂ဝ)အ႐ြယ္ လူငယ္တစ္ဦးျဖစ္ေၾကာင္း ၎ကို Si Khiu ခ႐ိုင္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ မေတာ္တဆမႈျဖစ္ၿပီးေနာက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး Saksayam Sirimongkol သည္ အခင္းျဖစ္ပြားရာေနရာသို႔ သြားေရာက္စစ္ေဆးခဲ့ၿပီး ေနာက္ပိုင္းတြင္ အသက္ရွင္က်န္ရစ္သူကို သြားေရာက္ ၾကည့္ရႈ ရန္ ေဆး႐ုံသို႔သြားခဲ့ေၾကာင္းသိရသည္။ အဆိုပါမေတာ္တဆမႈျဖစ္ပြားရသည့္အေၾကာင္းအရင္းမ်ားကို ရဲတပ္ဖြဲ႕က ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူငယ်ဖွံဖြိုးရေးသင်တန်းကျောင်းတွင် KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အခမဲ့ကျောင်းအပ်နှံနိုင်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved