Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုနိုင်ငံများ၏ တင့်ကားတွေက စစ်ပွဲအခြေအနေတွေကို ပြောင်းလဲနိုင်မှာမဟုတ်ကြောင်း ရုရှားအစိုးရဆို

Pika (NP News) - ဇန်နဝါရီ ၂၂

အမေရိကန်နိုင်ငံနှင့် ၎င်း၏မဟာမိတ်နိုင်ငံများက ယူကရိန်းနိုင်ငံသို့တင့်ကားများ ထောက်ပံ့ပေးခဲ့ရင်တောင် ယူကရိန်းနှင့်ရုရှားကြားစစ်ပွဲရလဒ်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ၊ အဆိုပါထောက်ပံ့ပေးမှုများသည် ရုရှား၏စစ်ဆင်ရေးများအပေါ် သက်ရောက်မှုများရှိမည်မဟုတ်ကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်းမဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများသည် ယူကရိန်းသို့ စစ်ရေးအကူအညီများ ဆက်လက်ထောက်ပံ့ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဂျာမနီရှိအမေရိကန်၏ Ramstein လေတပ်အခြေစိုက်စခန်းတွင် တွေ့ဆုံခဲ့ပြီးနောက် ရုရှားဘက်က ယင်းကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်မှာ ယူကရိန်းသို့ ဂျာမနီနိုင်ငံထုတ် Leopard 2 အမျိုးအစား တင့်ကားများပေးပို့ရန်အတွက် ဂျာမနီနိုင်ငံကို စည်းရုံးနိုင်ရန် သို့မ ဟုတ် ပိုလန်နှင့်ဖင်လန်နိုင်ငံကဲ့သို့သော အခြားနိုင်ငံများက ဂျာမန်ထုတ်တင့်ကားများကို ယူကရိန်းသို့ ပေးပို့ပေးရန်အတွက် စည်းရုံးသိမ်းသွင်းနိုင်ရန်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးများသည် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း ဂျာမနီနိုင်ငံကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုးရီးယက်စ်က ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် မဟာမိတ်နိုင်ငံများ၏ ဂျာမန်ထုတ် Leopard 2 အမျိုးအစား တင့် ကားများအား ယူကရိန်းနိုင်ငံသို့ ပေးပို့ခွင့်ပြုမည့်ကိစ္စကို တုံ့ဆိုင်းနေခဲ့ပြီး အမေရိကန်နိုင်ငံက ၎င်း၏ကိုယ်ပိုင်တင့်ကားဖြစ်သည့် Abrams တင့်ကားများကို ယူကရိန်းနိုင်ငံသို့ ပထမဆုံးပေးပို့ပြီးမှသာ ဂျာမနီက Leopard 2 အမျိုးအစား တင့်ကားများကိုပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်စစ်ဌာနချုပ်က ယူကရိန်းသို့ပေးပို့ခဲ့သော နောက်ဆုံးစစ်ရေးအကူအညီထဲတွင် M1 Abrams အမျိုးအစားတင့်ကားများ ထည့်သွင်းရန်ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် ဗြိတိန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ Challenger 2 အမည်ရှိ တင့်ကား (၁၄)စီးပေးပို့ပေးမည်ဟု ကတိပြုခဲ့ကြောင်းလည်းသိရသည်။ အဆိုပါထောက်ပံ့မှုများသည် ယူကရိန်းအတွက် ပြဿနာများကိုသာဖြစ်စေမည်ဖြစ်ပြီး စစ်ပြေပြင်ရှိအခြေအနေများကို ပြောင်းလဲပေးနိုင်မည်မဟုတ်ကြောင်း ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။

အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးထောက်ပံ့မှုများသည် ရုရှားနှင့်ယူကရိန်းကြား ပဋိပက္ခကို ပိုမိုရှည်ကြာစေရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး မလိုလားအပ်သော သွေးထွက်သံယိုကိစ္စများဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားဘက်ကအကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။


zawgyi version

အေနာက္အုပ္စုႏိုင္ငံမ်ား၏ တင့္ကားေတြက စစ္ပြဲအေျခအေနေတြကို ေျပာင္းလဲႏိုင္မွာမဟုတ္ေၾကာင္း ႐ုရွားအစိုးရဆို

Pika (NP News) - ဇန္နဝါရီ ၂၂

အေမရိကန္ႏိုင္ငံႏွင့္ ၎၏မဟာမိတ္ႏိုင္ငံမ်ားက ယူကရိန္းႏိုင္ငံသို႔တင့္ကားမ်ား ေထာက္ပံ့ေပးခဲ့ရင္ေတာင္ ယူကရိန္းႏွင့္႐ုရွားၾကားစစ္ပြဲရလဒ္သည္ ေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း ၊ အဆိုပါေထာက္ပံ့ေပးမႈမ်ားသည္ ႐ုရွား၏စစ္ဆင္ေရးမ်ားအေပၚ သက္ေရာက္မႈမ်ားရွိမည္မဟုတ္ေၾကာင္း ႐ုရွားအစိုးရ၏ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာၾကားခဲ့သည္။

အေမရိကန္ႏွင့္ ၎မဟာမိတ္ႏိုင္ငံမ်ား၏ ကာကြယ္ေရးဝန္ႀကီးမ်ားသည္ ယူကရိန္းသို႔ စစ္ေရးအကူအညီမ်ား ဆက္လက္ေထာက္ပံ့ေပးမည့္ ကိစၥရပ္မ်ားကို ေဆြးေႏြးရန္အတြက္ ဂ်ာမနီရွိအေမရိကန္၏ Ramstein ေလတပ္အေျခစိုက္စခန္းတြင္ ေတြ႕ဆုံခဲ့ၿပီးေနာက္ ႐ုရွားဘက္က ယင္းကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါေတြ႕ဆုံပြဲ၏ အဓိကရည္႐ြယ္ခ်က္မွာ ယူကရိန္းသို႔ ဂ်ာမနီႏိုင္ငံထုတ္ Leopard 2 အမ်ိဳးအစား တင့္ကားမ်ားေပးပို႔ရန္အတြက္ ဂ်ာမနီႏိုင္ငံကို စည္း႐ုံးႏိုင္ရန္ သို႔မ ဟုတ္ ပိုလန္ႏွင့္ဖင္လန္ႏိုင္ငံကဲ့သို႔ေသာ အျခားႏိုင္ငံမ်ားက ဂ်ာမန္ထုတ္တင့္ကားမ်ားကို ယူကရိန္းသို႔ ေပးပို႔ေပးရန္အတြက္ စည္း႐ုံးသိမ္းသြင္းႏိုင္ရန္ျဖစ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ကာကြယ္ေရးဝန္ႀကီးမ်ားသည္ တစ္ညီတစ္ၫြတ္တည္း ဆုံးျဖတ္ခ်က္မခ်ႏိုင္ခဲ့ေၾကာင္း ဂ်ာမနီႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဘိုးရစ္ပစ္စတိုးရီးယက္စ္က ေျပာၾကားခဲ့သည္။ ဂ်ာမနီႏိုင္ငံသည္ မဟာမိတ္ႏိုင္ငံမ်ား၏ ဂ်ာမန္ထုတ္ Leopard 2 အမ်ိဳးအစား တင့္ ကားမ်ားအား ယူကရိန္းႏိုင္ငံသို႔ ေပးပို႔ခြင့္ျပဳမည့္ကိစၥကို တုံ႔ဆိုင္းေနခဲ့ၿပီး အေမရိကန္ႏိုင္ငံက ၎၏ကိုယ္ပိုင္တင့္ကားျဖစ္သည့္ Abrams တင့္ကားမ်ားကို ယူကရိန္းႏိုင္ငံသို႔ ပထမဆုံးေပးပို႔ၿပီးမွသာ ဂ်ာမနီက Leopard 2 အမ်ိဳးအစား တင့္ကားမ်ားကိုေပးပို႔မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အေမရိကန္စစ္ဌာနခ်ဳပ္က ယူကရိန္းသို႔ေပးပို႔ခဲ့ေသာ ေနာက္ဆုံးစစ္ေရးအကူအညီထဲတြင္ M1 Abrams အမ်ိဳးအစားတင့္ကားမ်ား ထည့္သြင္းရန္ျငင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ ၿဗိတိန္အစိုးရသည္ ယူကရိန္းႏိုင္ငံသို႔ Challenger 2 အမည္ရွိ တင့္ကား (၁၄)စီးေပးပို႔ေပးမည္ဟု ကတိျပဳခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါေထာက္ပံ့မႈမ်ားသည္ ယူကရိန္းအတြက္ ျပႆနာမ်ားကိုသာျဖစ္ေစမည္ျဖစ္ၿပီး စစ္ေျပျပင္ရွိအေျခအေနမ်ားကို ေျပာင္းလဲေပးႏိုင္မည္မဟုတ္ေၾကာင္း ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာၾကားခဲ့သည္။ အေနာက္အုပ္စုႏိုင္ငံမ်ား၏ စစ္ေရးေထာက္ပံ့မႈမ်ားသည္ ႐ုရွားႏွင့္ယူကရိန္းၾကား ပဋိပကၡကို ပိုမိုရွည္ၾကာေစရန္လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး မလိုလားအပ္ေသာ ေသြးထြက္သံယိုကိစၥမ်ားျဖစ္ေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ႐ုရွားဘက္ကအႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံရှိ အဝေးပြေးလမ်းမပေါ်တွင် ကားတစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် အနည်းဆုံးလူ(၁၁)ဦး သေဆုံး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved