တာမွေမြို့နယ်တွင် ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၆)ဦးထိခိုက်ဒဏ်ရာ ရရှိ
သန့်ဇင် (NSS) - ဇူလိုင် ၂၉
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး(၅)ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရှင်သန်ရေးပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့( ဇူလိုင်လ ၂၈ ရက်)၊ ည ၁၁နာရီ ၂၅မိနစ်အချိန်တွင် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃)ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်တဲ့ကားက ပထမတစ်စီးကိုဝင်ပွတ်တယ်။ ပြီးတော့မှ ရွှေညောင်ပင်ဘက်ကနေထွက်လာပြီး ကျိုက္ကစံလမ်းကထွက်လာတဲ့ကားကို ဆက်တိုက်လိုက်တာပေါ့။ ပြီးတော့မှ ရပ်ထားတဲ့ကားကိုဆက်တိုက်တာ”ဟု ရှင်သန်ရေးပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အတိုက်ခံရသောကားသည် ဖယ်ရီပို့သော Taxi (Toyota Corolla Fielder)ကားဖြစ်ပြီး အဆိုပါကားပေါ်တွင် ယာဉ်မောင်းအပါဝင် အမျိုးသမီး (၅)ဦးလိုက်ပါလာခဲ့ကြောင်း သိရသည်။
“လူနာကတော့ (၆)ယောက်ရှိပါတယ်ဗျ။ အသက်တွေကတော့ ခန့်မှန်းချေ(၂၅)ဝန်းကျင်တွေပဲဗျ။ Taxi မှာပါလာတဲ့ ကောင်မလေးတွေက အလုပ်လုပ်တဲ့ကောင်မလေးတွေပါ”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာ(၆)ဦးအား URO ပရဟိတအသင်းနှင့် တာမွေကြက်ခြေနီအသင်းတို့မှ ကားများဖြင့် သင်္ကန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်၌ ဝင်တိုက်ခဲ့သော KIA Carnival ကားသည် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာသက်ပန်အကျဉ်းသား ရာဒိုဗန် ကရာဒစ်ဇ် (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ