Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရာသက်ပန်အကျဉ်းသား ရာဒိုဗန် ကရာဒစ်ဇ် (ဘာသာပြန်ဆောင်းပါး)

ပရမတ္တ ကိုမောင်ဘ (NSS) - ဇူလိုင် ၂၉


ရာဒိုဗန် ကရာဒစ်ဇ်ကို ယခင် ယူဂိုဆလပ်ဗီးယားနိုင်ငံ (ယခု မွန်တီနီဂရိုးလ်နိုင်ငံ) Petnjica, Montenegro, Yugoslavia ပက်နြိကာမှာ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်မှာမွေးဖွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာမွေးဖွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မွေးနေ့တူသူတစ်ယောက်ပါ။ ကရာဒစ်ဇ်ဟာ ဆရာဝန်၊ စာရေး ဆရာနဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ၁၉၉၀ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ ဘော့စ်နီးယားနိုင်ငံရဲ့ ဆာ့ဗ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဘော့စ်နီးယားနိုင်ငံထဲမှာ ကိုယ့်ဖာသာကိုယ် ဆာ့ဗ်သမ္မတ နိုင်ငံလို့ ကြွေးကြော်ခဲ့တဲ့ Republika Srpska ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆာ့ဗ်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် ၁၉၉၂ ကနေ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


၁၉၉၂ ခုနှစ်မှာ ယူဂိုဆလပ်ဗီးယားနိုင်ငံက ခွဲထွက်ခဲ့တဲ့ ဘော့စ်စနီးယားနိုင်ငံအတွင်း ၁၉၉၂ မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲကာလမှာ လူမျိုးတုံးသတ်ဖြတ်မှုများအပါအဝင်  စစ်ရာဇဝတ်မှုများကျူး လွန် ခဲ့ခြင်းအတွက် သူ့မှာအပြစ်ရှိတယ်လို့ International Criminal Tribunal for the former Yugoslavia (ICTY) က ဆုံးဖြတ်ပြီး နှစ်ပေါင်း ၄၀ ထောင်ဒဏ်ချမှတ်ခြင်းခံရပါတယ်။ 


၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ သူရဲ့ပြစ်ဒဏ်ကို အယူခံဝင်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက် မှာ အယူခံပယ်ချခံရပြီး ပစ်ဒဏ်ကို တစ်သက်တစ်ကျွန်း အထိတိုးမြှင့်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်‌ မေလမှာ သူ့ကို ဗြိတိသျှထောင်တစ်ခုမှာ ဆက်လက် ပစ်ဒဏ်ကျခံဖို့ လွှဲပြောင်းပေးပို့ခဲ့ပါတယ်။


ဘဝ နောက်ခံသမိုင်း

ကရာ့ဒစ်ဇစ်ရဲ့ အဖေဟာ  Chetniks ချက်ညစ် အဖွဲ့ဝင်တစ်ယောက်ပါ။ ချက်ညစ် အဖွဲ့ဆိုတာ ဒုတိယ ကမ္ဘာစစ်ပွဲမှာ နာဇီဂျာမန်တွေကိုရော၊ သူတို့နဲ့ပူးပေါင်းတဲ့ ကရိုးရှန်းတွေကိုပါ ဆန့်ကျင်တိုက်ခိုက်ခဲ့သလို၊ The Partisans လို့ခေါ်တဲ့ ဂျိုးဇက်ဘရော့တီတိုးခေါင်းဆောင်တဲ့ ကွန်မြူနစ်ပျောက်ကျားတပ်ဖွဲ့တွေကိုပါ ဆန့်ကျင်ခဲ့တဲ့ အဖွဲ့ပါ။ ကရာ့ဒစ်ဇ်ဟာ ဆာရာယေဘိုမှာ ဆေးပညာကိုလေ့လာသင်ယူခဲ့ပြီး ဆရာဝန်နဲ့ စိတ်ရောဂါအထူးကု ဖြစ်လာပါတယ်။ သူဟာ ကဗျာနဲ့ ကလေးတွေအတွက် စာအုပ်များလည်း ရေးခဲ့သူပါ။ ၁၉၈၅ ခုနှစ် ယူဂိုဆလပ်ဗီး ယားနိုင်ငံဟောင်းမှာတုံးက နိုင်ငံပိုင်ရံပုံငွေ လိမ်လည်မှုမှာပါဝင်ပတ်သက်မှုနဲ့ ထောင်ဒဏ် ၁၁ လ ကျခဲ့ဘူးပါတယ်။ ၁၉၉၀ ခုနှစ်မှာ ဆာ့ဗ် ဒီမိုကရက်တစ်ပါတီတည်ထောင်ရာမှာ ပါဝင်ကူညီခဲ့ပြီး ပထမ ခေါင်းဆောင်အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီပါတီဟာ ဘော့စနီးယားက ကရိုးရှားနိုင်ငံရေးပါတီတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်တဲ့ ပါတီပါ။ 


၁၉၉၂ ခုနှစ်မှာ ယူဂိုဆလပ်ဗီးယားကခွဲထွက်ခဲ့တဲ့ ဘော့စ်စနီးယားထဲက၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ဘော့စ်စနီးယားဆာ့ဗ် သမ္မတနိုင်ငံလို့ ကိုယ့်ဖာသာကြေငြာခဲ့တဲ့ ဒေသရဲ့ သမ္မတဖြစ်လာပါတယ်။ အဲဒီဒေသဟာ အဲဒီအချိန်က ဆာဗီးယားနဲ့ မွန်တီနီဂရိုး နှစ်ပြည်နယ်သာကျန်တော့တဲ့ ယူဂိုဆလပ်ဗီးယား ဖက်ဒရေးရှင်းရဲ့ မဟာမိတ်အစွယ်အပွားအဖြစ် မိမိကိုယ်ကိုမှတ်ယူထားပါတယ်။ မူလယူဂိုဆလပ်ဗီးယား နိုင်ငံထဲက ဘော့စနီးယား၊  ကရိုးရှား၊ ဆလိုဗင်းနီးယားနဲ့ မက်ဆီဒိုးနီးယားတို့က ခွဲထွက်သွားကြပြီးချိန်ဖြစ်ပါတယ်။ 


အဲဒီအချိန် ဆားဗီးယားမှာ သမ္မတဖြစ်နေတဲ့ ဆလိုဗိုဒန် မီလိုဆီဗစ်နဲ့ ဘော့စ်စနီးယားဆာ့ဗ် စစ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်တို့ရဲ့ အားပေးထောက်ခံမှုနဲ့ ကရာဒစ်ဇ်ဟာ ဘော့စ်စနီးယားထဲက ဒေသအစိတ်အပိုင်းအချို့ကို ထိန်းချုပ်နှိုင်ဖို့နဲ့ ဆာဗ်လူမျိုးမဟုတ်သူတွေကို မောင်းထုတ်ဖို့ စစ်ဆင်‌ရေးဆင်နွှဲခဲ့ပါ တယ်။ ၁၉၉၂ ခုနှစ်က ၁၉၉၅ ခုနှစ်အတွင်း သူဟာ ရက်စက်တဲ့စစ်ဆင်ရေးတွေလုပ်လိုက်၊  အနောက်တိုင်း ခေါင်းဆောင်တွေ အဆိုပြုတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေအပေါ် စိတ်ဝင်စားကြောင်းဖေါ်ပြလိုက် နဲ့ တလှည့်စီ လုပ်ဆောင်ခဲ့ပါတယ်။


  တရားစွဲပြီ

၁၉၉၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နဲ့ နိုဝင်ဘာလ ၁၆ ရက်တို့မှာ နယ်သာလန်နိုင်ငံ သဟိဂ် မှာကျင်းပတဲ့ အိုင်စီတီဝိုင် (the International Criminal Tribunal for the Former Yugoslavia (ICTY) ) က သူ့ကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသတ်မှု၊ မုဒိန်းမှုနဲ့ အရပ်သားတွေအပေါ် မတော်မတရားပြုကျင့်တဲ့ တခြားအမှုတွေအပါအဝင် ရာ ဇဝတ်မှုတွေအတွက် စွဲချက်တင်လိုက်ပါတယ်။ ဘော့စ်စနီးယား ဆာ့ဗ်လူမျိုးခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘော့စ်စနီးယားရဲ့ ဆာ့ဗ်ထိန်းချုပ်တဲ့ဒေသတွေမှာ  “ လူမျိုးသန့်စင်‌ရေး” လုပ်တာမှာ တာဝန်ရှိတယ်လို့ ယူဆခံရပါ တယ်။ အဲဒီမှာ ဘော့စညက် လို့ခေါ်တဲ့ မူဆလင်တွေနဲ့ ကရိုအက် လို့ခေါ်တဲ့ ကရိုရှန်း ထောင်ပေါင်းများစွာဟာ သတ်ဖြတ်တာ ဒါမှမဟုတ် ‌သူတို့ရဲ့နေအိမ်တွေက မောင်းထုတ်တာခံကြရပါတယ်။ ဒီဖြစ်ရပ်ဟာ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့နောက်ပိုင်း ဥ‌ရောပတိုက်မှာ ဖြစ်ပွားခဲ့တဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့လူမျိုးတုံး သတ်ဖြတ်မှုတစ်ခု ဘဲလို့ဆိုကြပါတယ်။ ကရာဒစ်ဇ် ကျူးလွန်ခဲ့တဲ့ စက်ဆုတ်ဖွယ်အကောင်းဆုံး ရာဇဝတ်မှုက ၁၉၉၅ ခုနှစ် ဇူလိုင် လထဲမှာ ဆရီဘရီနီဆာ မြို့က ဘော့စ်ညက် ၇၀၀၀ ကျော်ကိုသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။


ဒေတန် သဘောတူညီချက် လက်မှတ်ထိုးလိုက်တော့ ရွေးကောက်ပွဲဝင်ခွင့်မရတော့

၁၉၉၅ ခုနှစ်ကုန်မှာ မီလိုဆီးဗစ်က ယူဂိုဆလပ်ဗီးယားနဲ့ ဘော့စ်စနီးယားနယ်စပ်ကို ပိတ်လိုက်ပြီး ဘော့စ်စနီးယားဆာ့ဗ်လူမျိုးတွေကို ထောက်ခံမှုရုတ်သိမ်းလိုက်ပြီးတဲ့နောက်မှာ ကရာဒစ်ဇ်ဟာ ဒေတန် သဘော တူညီချက်ကို လက်မှတ်ထိုးဖို့ ဖိအားပေးခံရပါတော့တယ်။ ဒီ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ဘော့စ်စနီးယား နဲ့ ဟာဇီဂိုဗီးနားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုအဖြစ်ပိုင်းခြားဖို့၊ တစ်ခုက ကရိုအတ်-ဘော့စ်ညက် တို့နေထိုင် ကြတဲ့ ဘော့စ်နီးယား ဟာဇီဂိုဗီးနား ဖက်ဒ‌ရေးရှင်း ဖြစ်ပြီး ကျန်တစ်ခုက ဆာ့ဗ်တွေနေထိုင်တဲ့ ဘော့စ်နီးယား ဆာ့ဗ်သမ္မတနိုင်ငံ (the Republika Srpska) ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတတစ်ယောက်ထဲရဲ့ အုပ်ချုပ်မှုအောက်မှာ ဘဲရှိပါမယ်။ သဘောတူညီချက်ထဲမှာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ တရားစွဲခံရသူဟာ ၁၉၉၆ ခုနှစ် စက်တင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲမှာမပါဝင်ရလို့ တားမြစ်ထားပါတယ်။ ဒီလိုနည်းနဲ့ ကရာဒစ်ဇ်ဟာ သူ့အစိုးရ နဲ့ ပါတီတာဝန်တွေကို စွန့်လွှတ်ရပါတော့တယ်။ သဘောတူညီချက်ကို အကောင်အထည် ဖေါ်ဖို့တာဝန်ရှိတဲ့  နေတိုး (NATO) တပ်ဖွဲ့တွေက ကရာဒစ်ဇ်ကို ဖမ်းဆီးဖို့ အာဏာရှိပေမဲ့ သူ့ကိုမဖမ်းခဲ့ကြပါ။ 


၁၉၉၇ ခုနှစ်မှာ ကရာဒစ်ဇ်က ပုန်းအောင်းနေပါတယ်။ အလိုရှိတဲ့ နိုင်ငံတကာစစ်ရာဇဝတ်ကောင်ဖြစ် နေပေမယ့်  Cudesna hronika noći (“Miraculous Chronicles of the Night”; 2004), ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကိုထုတ်ဝေခဲ့ပါသေးတယ်။ ဒါ့ပြင် ဆာ့ဗ်အမျိုးသားရေးသမားတစ်ချို့ရဲ့ ထောက်ခံမှုကိုလည်း ရရှိနေပါသေးတယ်။ ICTY က တရားစွဲဆိုပြီး ၁၃ နှစ်အကြာ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ ဆာဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့အနီးမှာ ဆာဗီးယန်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ အဲဒီနောက်ချက်ခြင်းလိုလိုဘဲ တရားခွင်ရှိတဲ့ သဟိဂ်မြို့ကို အပို့ခံရပါတော့တယ်။ ကောလဟလသတင်းတွေအရ ဥရောပသမဂ္ဂကိုဝင်ရောက်ခွင့် ရချင်တဲ့အတွက် ဆာ့ဗီးယားအာဏာပိုင်တွေက ဝရမ်းပြေးကိုဖမ်းဆီးဖို့ ဆထက်တပိုးတိုးပြီးကြိုးပမ်းခဲ့ကြတယ်လို့ ဆိုကြပါတယ်။ သူဖမ်းဆီးခံရတဲ့အချိန်က ဘဲလ်ဂရိတ်မြို့မှာ သဘာဝကုထုံးနဲ့ ဆေးကုတဲ့အလုပ်ကို ဗြောင်လုပ်ကိုင်နိုင်ဖို့အတွက် ဒရာဂန် ဒက်ဗစ်ဆိုတဲ့ နာမည်နဲ့ ရုပ်ဖျက်နေထိုင်ခဲ့ပါတယ်။


လူမျိုးတုံးသတ်ဖြတ်မှု တရားခွင်

ကရာဒစ်ဇ်ကို သဟိဂ်က တရားရုံးမှာ ၂၀၀၉ ခုနှစ် ဆောင်းဦးပေါက်ရာသီမှာ စစ်ဆေးမှုစတင်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ အမှုစစ်ဆေးတာကို ခေတ္တရပ်နားခဲ့ပါတယ်။ ကရာဒ်ဇ်ကလည်း သူ့အပေါ်စွပ်စွဲထားချက်တွေ ဟာ သက်သေအထောက်အထားအားနည်းတဲ့အတွက် အမှုကိုပလပ်ပေးဖို့ တရားရုံးကို အသနားခံစာတင်ခဲ့ပါ တယ်။ 

တရားသူကြီးတွေက လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နှစ်ချက်အနက် တစ်ချက်ကိုပယ်ဖျက်လိုက်ပါ တယ်။ ဒါပေမယ့် ဆရီဘရီနီဆာ လူသတ်ပွဲနဲ့ပတ်သက်တဲ့ စွဲချက်ကိုတော့ ဆက်လက်စစ်ဆေးပါတယ်။ တခြား လူသားတွေအပေါ် ကျူးလွန်တဲ့ အမှုတွေနဲ့ စစ်ရာဇဝတ်မှုကိုးမှု ကိုလည်းဆက်လက်စစ်ဆေးပါတယ်။ ၂၀၁၃ ခုနှစ် ဂျူလိုင်လမှာ ကရာဒ်ဇ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဒုတိယစွဲချက်ကို ပြန်စစ်ဆေးပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ ၂၄ နေ့မှာတော့ ကရာဒစ်ဇ်ကို စွဲဆိုထားတဲ့ ၁၁ မှုအနက် ၁၀ မှုမှာ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ပါတယ်။ ဒီပြစ်ဒဏ်ဆုံးဖြတ်ချက်ဟာ များလွန်းတယ်လို့ ကရာဒစ်ဇ်က အယူခံ တက်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ် ကုလသမဂ္ဂတရားရုံးက ပစ်ဒဏ်ကို ထောင်ဒဏ် တသက် အထိတိုးမြှင့်သတ်မှတ်လိုက်ပါတော့တယ်။

                                                                           

ကိုးကား- Radovan Karadzic | Facts, Biography, & War Crimes



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုဘိုင်းစနစ်သုံးအင်တာနက်ကို မြန်မာနိုင်ငံလူဦးရေ၏ (၉၀)ရာခိုင်နှုန်းတွင် လွှမ်းခြုံအသုံးပြုနိုင်ပြီဟု ဒုဝန်ကြီးချုပ်ဆို

RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved