စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်တွင် YBS 21 မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၇
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်တွင် YBS 21 တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂါတ် အလင်းတန်းလူမှုကူညီးရေးအသင်းထံမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှ ယနေ့(ဇူလိုင်လ ၂၇ ရက်) နံနက် ၁ဝ နာရီအချိန်တွင် စမ်းချောင်းမြို့နယ်၊ မပိုလမ်းထိပ် ပြည်လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်က စလောင်တာလဲဆိုတာတော့ သေချာမသိပါဘူး။ ထုံးစံတိုင်းပဲပေါ့ ဝါယာရှော့ဖြစ်တာပဲနေမှာပါ။ အဲဒီ ကနေ စပြီးမီးလောင်တာဖြစ်မယ်” ဟု အနာဂါတ်အလင်းတန်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ YBS 21 ယာဥ် မီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားတစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။
“လူထိခိုက်တာတော့ ဘာမှမရှိဘူး။ အဲဒီ YBS တစ်စီးလုံးတော့ မီးလောင်သွားတယ်။ ၁ဝ မိနစ်လောင်တော့ မီးငြှိမ်း လိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါမီးလောင်မှုအား စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျောက်တံတားမြို့နယ်မီးသတ်တပ်ဖွဲ့၊ အနာဂါတ် အလင်းတန်းလူမှုကူညီရေးအသင်း နှင့် အခြားအသင်းအဖွဲ့များက လာရောက်ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ