Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စပါးခွံလောင်စာသုံး Gasifier အများဆုံး အသုံးပြုနေသည့်ဒေသမှာ ဧရာဝတီတိုင်းဖြစ်ပြီး စက်ရုံပေါင်း (၅ဝဝ)ခန့် ရှိနေဟုဆို

ယွန်း (NSS) - ဇူလိုင် ၂၅

စပါးခွံလောင်စာသုံး Gasifier အများဆုံးအသုံးပြုနေသည့်ဒေသမှာ ဧရာဝတီတိုင်းဖြစ်ပြီး စက်ရုံပေါင်း (၅ဝဝ) ခန့်ရှိ နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် အသိပေးပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြီးခဲ့သည့် ဇူလိုင်(၂၃)ရက်တွင် မြောင်းမြခရိုင်အတွင်းရှိ စပါးခွံလောင်စာသုံး Gasifier ဖြင့် ဆန်စက်လည်ပတ်နေမှုများကို ကြည့်ရှုစဥ် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းသည် Gasifier ဖြင့်လည်ပတ်သည့် စက်ရုံပေါင်း(၅ဝဝ)ခန့်ရှိပြီး Gasifier အများဆုံး အသုံးပြုနေသည့် တိုင်းဒေသကြီးဖြစ်ကြောင်း ဦးတင်မောင်ဝင်းက အသိပေးပြောကြားခဲ့သည်။

ထို့ပြင် Gasifier အသုံးပြု၍ လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေ ကြောင်း သိရသည်။


ဆန်စက်များအနေဖြင့်လည်း Gasifier အသုံးပြု၍ လည်ပတ်ခြင်းသည် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။

ထို့ပြင် Gasifier စနစ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှု မရှိစေရေး နှင့်သတ်မှတ်ထားသည့် စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ လည်ပတ်ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားထား သည်။

နစကဥက္ကဋ္ဌအနေဖြင့်လည်း နိုင်ငံအတွင်း စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လက်တွေ့အသုံးချနိုင်မည်ဆိုပါက အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက ပြောကြားခဲ့သည်။  

လက်ရှိအချိန်၌ စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မြောင်းမြမြို့၌ မြန်မာ-ဂျပန်ပူးပေါင်းပြီး တည်ဆောက်လျက်ရှိရာ လုပ်ငန်းများပြီးစီး၍ စက်ရုံလည်ပတ်ပါက ပိုလျှံသော ဓာတ်အားများကို နိုင်ငံတော်မဟာ ဓာတ်အားလိုင်းသို့ ရောင်းချသွားရန်ရှိကြောင်း သိရသည်။ အဆိုပါစက်ရုံအား စမ်းသပ်မောင်းနှင်ခဲ့ရာတွင် လျှပ်စစ် ဓာတ်အား ၁ ဒသမ ၆ မဂ္ဂါဝပ်ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် လွန်ခဲ့သည့် ၂ဝ၁၇ ခုနှစ်ကလည်း ဝ ဒသမ ၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ အကူအညီဖြင့် နေပြည်တော်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကိုဗစ်(၁၉)ကူးစက်ခံထားရသည့်အတွက် ထိုင်ဝမ်သမ္မတ သွားရောက်ရန်စီစဉ်ထားသည့်ခရီးစဉ်ကို ဖျက်သိမ်း

RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved