ကိုဗစ်(၁၉)ကူးစက်ခံထားရသည့်အတွက် ထိုင်ဝမ်သမ္မတ သွားရောက်ရန်စီစဉ်ထားသည့်ခရီးစဉ်ကို ဖျက်သိမ်း
Pika (NSS) - ဇူလိုင် ၂၅
ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်တွင် ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အစိုးရရုံးက ဇူလိုင်လ(၂၅)ရက်တွင် ပြောကြားခဲ့သည်။
ကိုဗစ်(၁၉)ရောဂါပိုး ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိမှုကြောင့် ဆိုင်အမ်ဝမ်သည် ဇူလိုင်လ(၂၄)ရက် မွန်းလွဲ ပိုင်းတွင် သွားမည့် ၎င်း၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်သည် နေထိုင် မကောင်းသည့်အတွက် ဆေးစစ်မှုများ လုပ်ဆောင်ခဲ့ရာ ကိုဗစ်(၁၉)ရောဂါပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အစိုးရရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် "ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်ဟာ လတ်တလောမှာ ပြင်းထန်တဲ့လက္ခဏာတွေ ပြသတာမျိုး မရှိသေးပါဘူး။ သူမကို ဆေးဘက်ဆိုင်ရာအဖွဲ့က ပြုစုကုသပေးနေပါတယ်။ ပြီးတော့ ဒီနေ့တစ်နေ့ကုန် လုပ်စရာရှိ တဲ့ သူမရဲ့အချိန်ဇယားကိုလည်း ဖျက်သိမ်းဖို့ ပြောထားပါတယ်" ဟု ဖော်ပြထားသည်။
ထို့အပြင် ထိုင်ဝမ်ကျွန်းသို့ တိုင်ဖွန်းမုန်တိုင်း Doksuri ချဉ်းကပ်လာမှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း လေပြင်းတိုက်ခတ်ခြင်းများဖြစ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများကို အစိုးရအဖွဲ့နှင့် အနီးကပ် ဆောင်ရွက်ရန် ထိုင်ဝမ်သမ္မတက တိုက်တွန်းတောင်းဆိုထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံတွင် ဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို တရားဝင်အသုံးပြုတော့မည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ