ကုန်များကို ကွန်တိန်နာတွဲငါးတွဲအပြည့်တင်ကာ မြစ်ငယ်မြို့မှ ရန်ကုန်သို့ထွက်ခွာလာသည့် ကုန်ရထားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့ဟု နစကဆို
NSS - ဇူလိုင် ၂၅
ကွန်တိန်နာတွဲငါးတွဲ ကုန်အပြည့်တင်ကာ မြစ်ငယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသည့် ကုန်ရထားတစ်စီး လမ်းချော် မှုဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့(ဇူလိုင် ၂၄ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အမြန်လူစီးရထား(၁၈)စင်း၊ စာပို့ရထား (၁၄) စင်း၊ လူစီးကုန် တင်ရထား(၈) စင်း၊ RBE လူစီးနှစ်စင်း နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅)စင်း စုစုပေါင်း လူစီးရထား(၇၇)စင်း နှင့် ကုန်ရထား ခြောက်စင်းတို့ကို နေ့စဥ်ပြေးဆွဲနေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်- မန္တလေးရထားလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ လူစီး ကုန်တင်ရထား နှစ်စင်းနှင့် ကုန်ရထားသုံးစင်းတို့ကို နေ့စဥ်ပြေးဆွဲနေကြောင်း သိရသည်။
၎င်းရထားခရီးစဥ်များအနက် ပြီးခဲ့သည့် ဇူလိုင်လ(၂၃)ရက်၊ ည(၁W)နာရီ(၄၅)မိနစ်အချိန်တွင် မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှ ရန်ကုန်တိုင်း၊ ရွာသာကြီးသို့ ထွက်ခွာမည့် အမှတ်(၉၂၄)အစုန်ကုန်ရထား သည် ပုလိပ်ဘူတာနှင့် စဥ့်ကိုင်ဘူတာအကြား မိုင်တိုင်(၃၇၂/ ၃-၃၇၁/၂၄)အရောက်တွင် လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း နစကမှ သိရသည်။
အဆိုပါရထား၌ ရထားတွဲဆိုင်း အပါအဝင် စက်ခေါင်းနောက်ရှိ အတွဲ(၁၈)ခုမြောက်မှစ၍ (၂၂)တွဲမြောက်အထိ ကုန်အပြည့်တင်ဆောင်လာခြင်းဖြစ်ပြီး ၎င်းကွန်တိန်နာတွဲငါးတွဲသည် သံလမ်းများပြုတ်ထွက်၍ လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း နစကမှ ဆိုထားသည်။
ဖြစ်စဥ်အား စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းလမ်းပိုင်း၌ မိုင်တိုင်အမှတ်(၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြား ရှစ်စုံ နှင့် သံလမ်းဆက်မူလီ (၃၂)လုံးကို မသမာသူများက ရထားသံလမ်း၏ သံလမ်းဆက်ပြား နှင့် မူလီများကို ဘယ်ညာ နှင့် ရှေ့နောက်တစ်ဆက်တည်း အစုံလိုက်ဖြုတ် ယူဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သံလမ်းအဆက်လိုက် ပြုတ်ထွက်လမ်းချော်ကျခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ပျက်စီးမှုများကို ညတွင်းချင်း ပြန်လည်ပြုပြင်ခဲ့ရာ လမ်းပိုင်းအား ဇူလိုင်(၂၄)ရက်နေ့၊ နံနက်(၈)နာရီ (၃၆)မိနစ်အချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း နစကမှ ဆိုထားသည်။
အကြမ်းဖက်များအနေဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှစ၍ ဇူလိုင်လ(၁၈)ရက်အထိ မြန်မာ့ မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၁၂)ကြိမ်၊ ရထားတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း (၄၁)ကြိမ်၊ ဘူတာအဆောက်အအုံ နှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရဲ့နိုင်ငံခြားကုန်သွယ်မှုက လက်ရှိဘဏ္ဍာနှစ်ရဲ့ပထမ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံနီးပါးအထိ မြင့်တက်လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ