Transporter Bar ဝင်စီးခံရ၊ ဆိုင်အတွင်းရှိသူ လူငယ် ၂ဝဝ ခန့် ဖမ်းဆီးခံရ
NSS - ဇူလိုင် ၂၂
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြိုနယ်၊ အမှတ် (၈) ရပ်ကွက်၊ဝေဇယန္တာလမ်းအမှတ် (၅ဝ)တွင် ဖွင့်လှစ်ထားသော Transporter Bar & Club ကို နစက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၂ ရက်၊ မနက် နံနက် ၁ နာရီ ဝန်းကျင် တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ည ၁၁ နာရီ နောက်ဆုံးထားပြီးဖွင့်ဖို့ သူတို့ကိုပြောထားတယ်။ ခုလိုအဖမ်းခံရတာလည်း ကောင်းပါတယ်။ ပိုက်ဆံရှိ တဲ့သူတွေဆိုတော့ ပြန်ရွေးနိုင်တဲ့သူကြီးပါပဲ။ လာဖမ်းတဲ့အဖွဲ့တွေလည်း အကုန်လုံးပိုက်ဆံရကြီးဦးမှာ။ ဝန်ထမ်း တွေကတော့ ဒုက္ခရောက်ကြတယ်” လို့ ဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကလပ်အတွင်း သတ်မှတ်ချိန် ကျော်လွန်သောက်စားနေသောအမျိုးသား (၁ဝ၂) ဦးနဲ့ အမျိုးသမီး (၇၉) ဦးကို ဖမ်းဆီးခဲ့ပြီး ဆိုင်မန်နေဂျာ ညီမောင်အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်တရားစွဲဆိုထားပြီး ဆိုင်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်၊ ကေတီဗီ၊ စင်တင်စားသောက်ဆိုင်တွေကို နစက က ဇွန်လ မှ စတင်ကာ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ဆိုင်အချို့ကို သတ်မှတ်ချက်နဲ့မညီညွတ်သည့်အတွက် ခေတ္တပိတ်သိမ်းမှုတွေ လုပ်ဆောင်ခဲ့ကြသည်။
ယခု ဇူလိုင်လ ၅ ရက်မှစတင်ကာ နှုတ်မိန့်ဖြင့် ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ပြီး ဆိုင်ဖွင့်ချိန် ပိတ်ချိန်ကို ည ၁၁ နာရီအထိ သတ်မှတ်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့ နှင့် နစက၏ NSPNC တို့ အပြီးသတ်ရရှိလာသည့်သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ