ထောင်ဖောက်ထွက်ပြေးခဲ့သော မြန်မာနိုင်ငံသား နှင့် ထိုင်းနိုင်ငံသားကို ထိုင်းအကျဉ်းထောင်အာဏာပိုင်များ ပြန်လည်ဖမ်းမိ
ဂျန်ဇက်(NSS) - ဇူလိုင် ၂၁
ထိုင်းနိုင်ငံ ကန်ချာနာဘူရီပြည်နယ်ရှိ အကျဉ်းထောင်တွင် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် အကျဉ်းထောင် ဖောက်ပြေးခဲ့သော မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသားကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ က ပြောသည်။
ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီက အကျဉ်းထောင်တံခါးကို ဖွင့်ချိန်တွင် ထိုင်းနိုင်ငံသား နှင့် မြန်မာနိုင်ငံသား အကျဉ်းသားတို့သည် တစ်ရှိန်ထိုးပြေးပြီး အကျဉ်းထောင်နံရံကို ကျော်တက်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကန်ချာနာဘူရီအကျဉ်းထောင်အုတ်နံရံအပေါ်တွင် သံစူးကြိုးများ ကာရံထားပြီး အမြင့် ၂ မီတာကျော်ရှိ ကြောင်း၊ အကျဉ်းသားနှစ်ဦးသည် သံစူးကြိုးများကို ဖျက်ဆီးကာထွက်ပြေးသွားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့သော ထိုင်းသတင်းထောက် က ဆိုသည်။
အကျဉ်းထောင်အရာရှိများသည် အကျဉ်းထောင်ဖောက်ပြေးခဲ့သူ နှစ်ဦးကို ပြန်လည်ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ရာ အကျဉ်းထောင်နားတွင် ထိုင်းနိုင်ငံသားကို အရင်ဖမ်းမိခဲ့ကြောင်း သိရသည်။ ထိုင်းအကျဉ်းထောင်အရာရှိများသည် ထွက်ပြေးလွတ်မြောက်နေသော မြန်မာနိုင်ငံသားကို ထပ်မံဖမ်းဆီးနိုင်ရန်ကြိုးပမ်းခဲ့ရာ နံနက် ၁ဝ နာရီတွင် အကျဉ်းထောင်အနောက်ဘက်တောထဲတွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကန်ချာနာဘူရီ အကျဉ်းထောင်အရာရှိများက အဆိုပါမြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသာသည် ပြစ်မှုကျူးလွန်သည့် အတွက် ထောင်ကျသောအကျဉ်းသားစစ်စစ်များ မဟုတ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို မူူးယစ် ဆေးသုံးစွဲမှုများ ဖြတ်တောက်နိုင်ရန်အတွက် အကျဉ်းထောင်တွင် လာရောက်ပို့ဆောင်ခံထားရသူများဖြစ်ကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအနေဖြင့် cluster munitions များကို စစ်မြေပြင်တွင် ဖြန့်ကျက်ချထားပြီးဖြစ်ကြောင်း အမေရိကန်အစိုးရ ထုတ်ဖော်ပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ