လှိုင်သာယာ၌ ဓားထိုးခံရမှုကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - ဇူလိုင် ၂၁
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဓားထိုးခံရမှုကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၀ ရက်)၊ ည(၉)နာရီအချိန်၌ လှိုင်သာယာမြို့နယ်၊ ၅၅၅ သဲကွင်းနားရှိ ဇမ္ဘူအေးဘုန်းကြီးကျောင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရုဏာတွဲလက်နာရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်သည် အဆိုပါကျောင်းမှ ဘုန်းကြီးအချင်းချင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဖြစ်လဲမသိလိုက်ကြဘူး။ ထိုးသွင်း ဒဏ်ရာသုံးချက်ရသွားတယ်။ ဒဏ်ရာက တော်တော်နက်တယ်။ ဘုန်းဘုန်းကို အနီရောင့်အဆင့်နဲ့ အရေးပေါ် တင်လိုက်ရတာ”ဟု ကရုဏာတွဲလက်နာရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားထိုးခံရမှုကြောင့် အဆိုပါ ဘုန်းကြီးတွင် ဝမ်းဗိုက်နှင့် ကျောဘက်၌ ထိုးသွင်းဒဏ်ရာများရရှိကာ မေတ္တာပါရမီ လူမှုကူညီရေးအသင်းကားဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိတွင် ဓားဖြင့်ထိုးသည့် ဘုန်းကြီးအား လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ မဟာဗျူဟာမြောက်လက်နက်များ ဖြန့်ကျက်ချထားမည်ဆိုပါက နျူကလီးယားလက်နက်ဖြင့် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ