တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း(၁၃၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ငွေကျပ်(၁၃၅၂)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်)၊ နံနက် ၁၁နာရီခွဲအချိန်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာရှိ ချိုင်းလုံ ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ချိုင်းလုံအားမတွေ့ဘဲ မနန်ဆောင်ရစ်စကွန်မာလိထောင်း(၃၄)နှစ်အားတွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့နောက်ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ငွေကျပ်(၁၃၅၂)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၃၃၈၀၀၀)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကို စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရှိ သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဟု မြန်မာသံရုံးအသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ