ဗဟန်းမြို့နယ်ရှိ ပန်ကန်လုံးကျွန်း၌ ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
စော (NSS) - ဇူလိုင် ၂၀
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပန်းကန်လုံးကျွန်း၌ ယနေ့(ဇူလိုင်လ ၂၀ ရက်)တွင် ရေနစ်သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိခဲ့ပြီး ၎င်း၏မိသားစုနှင့် အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း ဒီယာယုကလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားကို ယနေ့(ဇူလိုင်လ ၂၀ ရက်)၊ နံနက် (၈)နာရီအချိန်၌ ပန်းကန်လုံးကျွန်းရှိ ရှင်ဥပ္ပဂုတကျောင်းဆောင်တံတားအောက်တွင် မှောက်လျက်အနေအထားဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဒီယာယုကလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူ့မှာတော့ ပြင်ပဒဏ်ရာမတွေ့ပါဘူး။ သူဆီမှာတော့ ဖုန်း၊ ပိုက်ဆံအိတ်ရယ်၊ vape ရယ် ပါတယ်။ မိသားစုနဲ့တော့အဆက်အသွယ်ရပါပြီ။ အဒေါ်နဲ့နေတယ်ကြားတယ်။ သူကမနေ့ထဲက အိမ်ပြန်မလာဘူးလို့တော့ ပြောတယ်”ဟု ဒီယာယုကလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ရေနစ်သေဆုံးနေသော အမျိုးသားသည် အသက် (၄၅)နှစ်ဝန်းကျင်အရွယ်ရှိ ဦးမိုးဟိန်းဖြစ်ပြီး သပြေကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ဂျီဒီပီတိုးတက်မှုနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်ဟု အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ