တောင်ကိုရီးယားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အမေရိကန်စစ်သား မြောက်ကိုရီးယားနယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
တောင်ကိုရီးယားနိုင်ငံ အကျဉ်းထောင်ထဲမှာ ၂ လနီးပါးကြာဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမေရိကန်စစ်သားတစ်ဦး ဟာ မြောက်ကိုရီးယားနယ်စပ်ဒေသကိုဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ငါးနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်လာဖွယ်ရှိနေတယ်လို့ အမေရိကန်အစိုးရ က ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ အမေရိကန်စစ်သား Travis King ဟာ ရန်ဖြစ်မှုအတွက် တောင်ကိုရီးယား အကျဉ်းထောင် မှာ ၂ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဇူလိုင် ၁ဝ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း၊ ၎င်းကို စစ်စည်းကမ်းချိုးဖောက်မှုများအတွက် စွဲချက်ထပ်မံတင်ဖို့ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်ကို ပြန်ပို့ဖို့ လေဆိပ်ကိုခေါ်ဆောင်သွားချိန်မှာ ထွက်ပြေးခဲ့ပြီး မြောက်ကိုရီးယား နယ်စပ်ဒေသ Panmunjom ကျေးရွာကို သွားမယ့်အဖွဲ့နဲ့ ခိုးပြီးလိုက်ပါသွားခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ က ပြောပါတယ်။
အမေရိကန်စစ်တပ်အနေနဲ့ အဆိုပါကိစ္စကို Travis King ရဲ့မိသားစုထံ အသိပေးအကြောင်းကြားထားပေမယ့် အသေးစိတ်အခြေအနေကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ထရာဗစ်ကင်းဟာ မြောက်ကိုရီးယားနယ်စပ်ဒေသကိုဖြတ်သန်းဝင်ရောက် ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ကာကွယ် ရေးဝန်ကြီး လွိုင်အော်စတင်က ထရာဗစ်ကင်းဟာ လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားအကျဉ်းထောင် အတွင်းရောက်ရှိဖို့ အလားအလာများကြောင်း ပြောထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက "ကျွန်တော်တို့တွေဟာ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်။ အမေရိကန်တပ်ဖွဲ့ဝင်အတွက် စိုးရိမ်မှုမြင့်တက်ရတယ်။ လာမယ့်ရက်ပိုင်းအတွင်း ထရာဗစ်ကင်းနဲ့ ပတ်သက်ပြီး အခြေအနေတွေကို ထပ်မံသိရဖို့များတယ်" လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ထရာဗစ်ကင်းဟာ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် စစ်တပ်ကို ဝင်ရောက်ခဲ့သူဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့အမှတ် ၁ သံချက်ကာတပ်ရင်းရဲ့တပ်ဖွဲ့ဝင်ဖြစ်ကာ တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်နေရသူဖြစ်တယ်လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်ခြင်းလုပ်ငန်းကို မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း (၅)လခွဲနီးပါးကြာ ဆောင်ရွက်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ