ဖာပွန်မြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲဖျက်ဆီးခံခဲ့ရ
NSS - ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသည် ဗုံးခွဲဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၇ ရက်)၊ ည ၁၁ နာရီအချိန်ခန့်တွင် ဖာပွန်မြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား အကြမ်းဖက်သမားများက ဗုံးထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
၎င်းပါတီရုံးအား KNU ဘက်မှ ဗုံးထောင်ကာ ဖောက်ခွဲခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုထားသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲခံရမှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းလည်း မြို့ခံများက ဆက်လက်ပြောဆိုထားသည်။
ထိုကဲ့သို့ ဗုံးခွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ NP News အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများကို ဖုန်းဆက်ဖြင့် ဆက်သွယ်ခဲ့သော်လည်း မရရှိသေးပေ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်၊ ထောက်ခံသူနှင့်ဝန်းရံသူ နှစ်ထောင်နီးပါးမှာ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေချမှတ်ပြီး မူဝါဒအမှားအယွင်းတွေ လုပ်ဆောင်နေတဲ့ အမေရိကန်အစိုးရ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ