နေပြည်တော်ရှိ ဒုညွှန်ချုပ်အိမ်ကို ဓါးပြဝင်တိုက်ခဲ့သူအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
NSS - ဇူလိုင် ၁၇
နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၏ နေအိမ်ကို ဓါးပြဝင်တိုက်ခဲ့သူအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒုညွှန်ချုပ်နေအိမ်အား ဓါးပြတိုက်ခဲ့သူ ဘုန်းနိုင်ဝင်းဆိုသူကို ဇူလိုင်လ ၁၂ ရက်တွင် နေပြည်တော်ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့ ချိတ်ဆက်ပူးပေါင်းကာ ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
ဘုန်းနိုင်ဝင်း ငှားရမ်းနေထိုင်သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ VIP ကွက်သစ်၊ မြရွှေဝါ(၆) လမ်းရှိ နေအိမ်၌ သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းငှားရမ်းနေထိုင်ခဲ့သော နေအိမ်အတွင်းမှ USA နိုင်ငံထုတ် .22 သေနတ်တစ်လက်၊ .22 ကျည် (၃၄) တောင့်၊ .22 ကျည် ခွံ (၅)ခု၊ .22 ကျည်အိမ်တစ်ခု၊ 9 MM ကျည် (၂၇)တောင့်၊ အသံတိတ်ပြောင်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
ထို့ပြင် ၎င်းအိမ်အတွင်းမှ ဓါးပြတိုက်ယူဆောင်သွားခဲ့သော Laptop တစ်လုံး၊ ဘဏ်စာအုပ်များ၊ အိမ်ဂရမ်များ၊ လက်ဝတ်ရတနာများကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ ဒုညွှန်ချုပ်ဖြစ်သူ ဒေါ်ခင်နွေဦးသည် ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ၎င်းတစ်ဦးတည်းနေထိုင်ရာအိမ်သို့ ပြန်လာစဉ် နေအိမ်အတွင်း ထမင်းစားခန်း၌ အရက်ထိုင်သောက်နေသော အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အထက်ပါဒုညွှန်ချုပ်နေအိမ်အား ဓါးပြတိုက်ခဲ့သူ ဘုန်းနိုင်ဝင်းကို ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံကို မြန်မာ့ပြောင်းတင်ပို့နိုင်ရန် လုပ်ဆောင်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ