အရာရှိဝန်ထမ်း ပြန်လာမည့်အချိန်ကို လူ(၁)ဦးက နေအိမ်သို့ ခိုးဝင်ကာ အရက်သောက်စောင့်ဆိုင်းပြီး သေနတ်ပြ ဓါးပြတိုက်မှု နေပြည်တော်၌ ဖြစ်ပွား
NSS - ဇူလိုင် ၁၆
အရာရှိဝန်ထမ်း ပြန်လာမည့်အချိန်ကို အမျိုးသား(၁)ဦးက နေအိမ်သို့ ခိုးဝင်ကာ အရက်ထိုင်သောက် စောင့်ဆိုင်းပြီးနောက် သေနတ်ပြ ဓါးပြတိုက်မှု နေပြည်တော်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းဓါးပြတိုက်မှုဖြစ်စဉ်သည် ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်အား သိရှိသည့်သတင်းအရင်း အမြစ်များက NP News ကိုပြောသည်။
အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၁၀ ရက်၊ ညအချိန်တွင် ဒက္ခိဏသီရိမြို့နယ်ရှိ ၎င်းတစ်ဦးတည်းနေထိုင်သော နေအိမ်သို့ ကားတစ်စီးဖြင့် ပြန်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုညွှန်ချုပ်သည် နေအိမ်အတွင်းသို့ ရောက်ရှိလာစဉ်အချိန်တွင် နေအိမ်၏ထမင်းစားခန်း၌ အမျိုးသား(၁)ဦးသည် အရက်ထိုင်သောက်နေလျက်တွေ့ရှိခဲ့ရပြီးနောက် ၎င်းအမျိုးသားက သေနတ်အရှည်တစ်လက်အား ပြသကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်ဓါးပြတိုက်ခဲ့သော အမျိုးသားသည် အလုပ်သမားဝန်ကြီးဌာန၌ ဒုညွှန်ချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးထံမှ Laptop (၁)လုံး၊ ဖုန်း(၁)လုံး၊ ရွှေ(၂)ကျပ်သား၊ ဘဏ်ကဒ်များနှင့် အိမ်ဂရမ်စာချုပ်များကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဓါးပြတိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သော အမျိုးသားကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း အထက်ပါသတင်းအရင်းအများက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့၌ အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း