ပြည်မြို့၌ အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဇူလိုင် ၁၆
ပဲခူးတိုင်း၊ အနောက်ပိုင်း (ပြည်ခရိုင်)၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၆ ရက်)၊ နံနက် (၉)နာရီအချိန်၌ ပြည်မြို့၊ စည်တော်မင်္ဂလာလမ်းထိပ်၊ ပေါက်ကြီးမုန့်ဆိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ထံမှ သိရသည်။
“သူက ဆိုင်ကအလုပ်သမားလေးလို့ ပြောတယ်။ ဘယ်သူမှ မသိလိုက်ကြဘူး။ အပေါ်ကိုတက်သွားပြီး ပြုတ်ကျလာတာလို့ပြောတယ်။ တမင်ခုန်ချတာလား။ ချော်ကြတာလားတော့ မသိလိုက်ကြဘူး။ ဘယ်လောက်အမြင့်ကနေပြုတ်ကျတာလဲတော့ မသိဘူး။ တိုက်ပေါ်ကပြုတ်ကျတယ်ပဲ သိပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၁၉)နှစ်ဝန်းကျင်အရွယ်ရှိပြီး ဆိုင်ကယ် အပိုပစ္စည်းရောင်းဝယ်သည့် ဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရသည်။
၎င်းသည် ဘယ်ဘက်ပေါင်ကျိုးဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဇူလိုင်လ ၁၄ ရက်)တွင်လည်း ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်၊ ကျိုက္ကဆံလမ်း နှင့် သမာဓိလမ်းဒေါင့်ရှိ နေအိမ်(၆)လွှာတိုက်ခန်းမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် လုပ်ငန်းအလိုက် အောင်မြင်အောင်ဆောင်ရွက်လိုစိတ်ရှိရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ