ရွေဘိုမြို့နယ်တွင် အသက်(၅၀)ကျော် အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
NSS - ဇူလိုင် ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အသက်(၅၀)ကျော် အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၃ရက်)၊ မွန်းလွဲ ၁၂နာရီအချိန်တွင် ရွှေဘို-ဆိပ်ခွန်ကားလမ်းဘေးရှိ "ပြည့်ပြည့်အောင်" စက်သုံးဆီဆိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချီပါ(မြောက်)ကျေးရွာတွင်နေထိုင်သည့် သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်မှ ကျေးရွာတောင်ဘက် (၁)မိုင်ခန့်ရှိ လယ်တောသို့ လမ်းလျှောက်ထွက်လာစဉ် အထက်ပါဆီဆိုင်အနီး၌ PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အဆိုပါကျေးရွာနေ ဦးထွန်းနိုင်(၅၁)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၃နာရီ ၁၀မိနစ်အချိန်တွင် ရွှေဘိုမြိုနယ်၊ အမှတ်(၇)ရှိ အောင်မြေဘုရားအနီးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သော သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်မှ အထက်ပါဘုရားသို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ထွက်လာစဉ် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
ထို့သို့ ပစ်ခတ်ခံရမှုကြောင့် အမှတ်(၆)ရပ်ကွက်နေ ဦးစိန်လင်း(၆၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီဈေး ယခုလအတွင်း ၁၅၀ ကျပ်ခန့် မြင့်တက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ