စက်သုံးဆီဈေး ယခုလအတွင်း ၁၅၀ ကျပ်ခန့် မြင့်တက်
NSS - ဇူလိုင် ၁၆
ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ပြည်တွင်းစက်သုံးဆီဈေး တရိပ်ရိပ်တက်လာခဲ့ပြီး ဇူလိုင်လ ၁၆ ရက်ပေါက်ဈေးများအရ စက်သုံးဆီအမျိုးအစားအလိုက် ပျမ်းမျှတစ်လီတာလျှင် ၁၅၀ ကျပ်ဝန်းကျင်အထိမြင့်တက်ခဲ့ကြောင်းသိရသည်။
ယခု တစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းထား အမြင့်ပိုင်းကိုပြန်လည်ရောက်ရှိလာပြီး ၉၂ တစ်လီတာလျှင် ၂၁၀၀ ကျပ်ပေါက်ဈေးရှိနေကြောင်း ယနေ့ (ဇူလိုင်လ ၁၆ ရက်)ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင်လ ၁၆ ရက်၊ ဈေးနှုန်းများအရ ရန်ကုန်မြို့၌ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၂၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ၂၀၉၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၁၇၀ ကျပ်သို့ရောက်ရှိလာသည်။
အဆိုပါ ပေါက်ဈေးများသည် ပြီးခဲ့သည့် ဇွန်လကုန်ဈေးနှုန်းနှင့်နှိုင်းယှဥ်ပါက ဓာတ်ဆီတစ်လီတာလျှင် ၁၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၅၀ ကျပ် နှုန်းထားဖြင့် အနည်းငယ်ဈေးပြန်တက်လာခြင်းဖြစ်သည်။
မန္တလေးမြို့ စက်သုံးဆီဈေးနှုန်းများသည်လည်း အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၅၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၆၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ၂၁၄၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၂၂၀ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးကော်မတီ PPRD ၏ ရည်ညွှန်းဈေးများအရ သိရသည်။
ရန်ကုန်၊ မန္တလေးမြို့များ၏ စက်သုံးဆီဈေးနှုန်းများသည် တိုင်းနှင့် ပြည်နယ်များအနက် အနိမ့်ဆုံးဈေးများဖြစ်ပြီး ဒေသအလိုက်ကွာဟမှု ရှိနေဆဲဖြစ်သည်။
လက်ရှိ၌ ပြည်တွင်းရှိ စက်မှုဇုန်များသည် လျှပ်စစ်မီးမလာခြင်းကြောင့် မီးစက်အသုံးပြုမှု များပြားလာကာ စက်သုံးဆီဝယ်လိုအား ကောင်းနေပြီး ဈေးအမြင့်ပိုင်းဖြင့်ရောင်းချနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရာရှိဝန်ထမ်း ပြန်လာမည့်အချိန်ကို လူ(၁)ဦးက နေအိမ်သို့ ခိုးဝင်ကာ အရက်သောက်စောင့်ဆိုင်းပြီး သေနတ်ပြ ဓါးပြတိုက်မှု နေပြည်တော်၌ ဖြစ်ပွား
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ